![]() |
အင်အား တစုတစည်းထဲ ဖြစ်အောင် ဆွေးနွေးပြီ |
ကျန်နေသေးတဲ့ မွန်အမျိုးသမီး ပါတီကိုလည်း နောက်တပတ်ထဲမှာ စည်းရုံးပြီး တပါတီတည်း ဖြစ်အောင် စည်းရုံး လုပ်ဆောင် သွားတော့မှာ ဖြစ်ပါတယ်။
နှစ်ပါတီ ပေါင်းစည်းရေး လုပ်ဆောင်ရာမှာ လိုအပ်ချက် နှစ်ခု ရှိပြီး မွန်မှာ နိုင်ငံရေး ပါတီ တပါတီထဲ ဖြစ်ရေး ဆိုတာက တချက် အပါအဝင် ဖြစ်တယ်လို့ ခု ပူးပေါင်း လိုက်တဲ့ ပါတီမှာ တွဲဖက် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်မယ့် နိုင်စံတင် က ပြောပါတယ်။
လက်ရှိတော့ တရားဝင် ပါတီ သုံးခု ရှိပြီး အခု သဘောတူညီချက် ရတာက ပါတီ မဟုတ်ဘဲ နိုင်ငံရေး အင်အား အစုအဖွဲ့တခု အဖြစ် ပေါင်းစည်းရေးသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
![]() |
မွန်အမျိုးသား ပါတီ ဗဟိုကော်မတီ နောက်ဆုံးအကြိမ် အစည်းအဝေး အပြီး မှတ်တမ်း ဓါတ်ပုံ |
ပါတီ ဖွဲ့စည်းပုံ ၊ လူဦးရေကန့်သတ်ချက်တွေ မပြောင်းဘဲ ၊ အစကတည်းက တပါတီ ပေါင်းစည်းရေးကို အမြဲစဉ်းစား လုပ်နေလေ့ရှိပြီး နိုင်ငံရေး စိတ်ဝင်စားတဲ့ အင်အားစုနဲ့ အမျိုးသမီး ပါတီ (မွန်) ရှိတဲ့ အတွက် အဲဒါတွေ ပြီးမှ ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်း ရေးဆွဲကာ ပါတီ အလံ ၊ ပြီးမှ မှတ်ပုံတင် အသစ်လုပ်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နဲ့ မွန်အမျိုးသားပါတီ (MNP) တို့က အမည် ဆယ်ခု ရွေးထားပြီး နောက်ဝင်လာမယ့် မွန်အမျိုးသား အင်အားစု က သုံးခု အားလုံးပေါင်း ဆယ့်သုံးခုကို ပြည်သူ လူထုကို ချပြသွားမှာ ဖြစ်ကာ အများ ရွေးချယ်တာ တခုကို အတည်ပြုသွားမှာပါလို့ သူက ဆိုပါတယ်။
ဗဟိုကော်မတီမှာလည်း နောက်ပူးပေါင်း ပါဝင်လာမယ့် အင်အားစု ထဲက တဖြည်းဖြည်း ပါဝင်လာနိုင်မှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
ဒီကိစ္စတွေကို သြဂုတ်လ ၁၈ ရက် မတိုင်ခင် အပြီးလုပ်ဖို့ ဆန္ဒရှိတယ်လို့လည်း သူက ဆိုပါတယ်။
အခုလို လုပ်ဆောင်နေရတဲ့ ရည်ရွယ်ချက်က မွန် ပြည်သူလူထု အားလုံး လိုလိုက မွန်ပြည်နယ်မှာ တပါတီထဲ ရှိဖို့ အရမ်း လိုလားနေတဲ့အတွက် ဒါကို ဦးစားပေး လုပ်နေတာ ဖြစ်ကြောင်း နဲ့ တကယ်လို့ မွန်လူမျိုးစုတွေ အနေနဲ့ တပါတီထဲ ဖြစ်သွားမယ် ဆိုရင် ရွေးကောက်ပွဲ ကာလမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အနိုင်ရဖို့ အခြေအနေ ကောင်းလာနိုင်တယ်လို့ နိုင်စံတင် က သုံးသပ် ပြောကြား သွားခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
မွန်ပါတီတွေ ပေါင်းလို့ အင်အားကြီးလာမလား
Reviewed by THITHTOOLWIN
on
10:22
Rating:
