![]() |
(တရုတ်နိုင်ငံမြောက်ပိုင်း နင်ရှီယာခရိုင် ဝေ့ကျိုးမြို့မှာရှိတဲ့ ဗလီကျောင်းကြီးကို ၂ဝ၁၈ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်)/ Photo: Johannes EISELE / AFP |
အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်ချက်အတိုင်း တရုတ်နိုင်ငံတဝန်းမှာ မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အာဏာပိုင်တွေက ကန့်သတ်ဖို့ကြိုးစားနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဗလီကြီးကိုဖျက်ဖို့ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် ဒီလ ၉ ရက်နေ့ကတည်းက ဆန္ဒပြသူတွေ စတင်စုဝေးလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတွေရှိနေတဲ့ကြားက ဆန္ဒပြသူတွေက အဆောက်အဦရှေ့မှာ မကြာခင်ရက်တွေက စုဝေးလာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
အစိုးရက ပြောတဲ့အတိုင်း ဗလီဟာတရားမဝင် အဆောက်အဦဖြစ်တယ်ဆိုတာ မဟုတ်ပါဘူးလို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ နှစ်ရာနဲ့ချီပြီး သမိုင်းရှိတဲ့ ဗလီဖြစ်တယ်လို့ ပြောပါတယ်။
ရပ်ဝေးမွတ်စလင်ဒေသက လူတွေကလည်း ဒီဆန္ဒပြပွဲကို ထောက်ခံတဲ့အကြောင်း ပြသတဲ့အနေနဲ့ ဝေ့ကျိုးက လူတွေအတွက် စားသောက်ဖွယ်ရာတွေ သယ်ယူလာကြပါတယ်။
RFA Burmese
https://www.facebook.com
ဗလီဖြိုဖျက်ရေး တရုတ် ဆိုင်းငံ့
Reviewed by THITHTOOLWIN
on
10:15
Rating:
