![]() |
အမေရိကန် သမ္မတ ထရမ့်နဲ့ တူရကီ သမ္မတ အာဒိုဝမ် |
အဲဒီလို အမေရိကန်ရဲ့ သွင်းကုန်ခွန်နှစ်ဆတိုးမှုကြောင့် တူရကီ နိုင်ငံသုံး ငွေကြေး အကြပ်ရိုက်မှုကို ပိုမို ဆိုးရွားစေခဲ့တယ်လို့လည်း ဆိုပါတယ်။
မစ္စတာ ထရမ့်ရဲ့ဆုံးဖြတ်ချက်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေပြီး သူတို့ဖက်ကလည်း လိုအပ်တဲ့ လက်တုန့်ပြန် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အဲဒီလို မပြောခင် နာရီပိုင်း တုန်းကတော့ တူရကီ ကုန်သွယ်ရေး ဝန်ကြီးက ပြေရာပြေကြောင်း စေ့စပ်စကား ပြောကြားခဲ့ပြီး အမေရိကန် ဟာ တူရကီရဲ့ အရေးပါတဲ့ ကုန်သွယ်ဖက်လို့ ဆိုကာ နှစ်ဖက် ဆွေးနွေးကြဖို့ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။
တူရကီ နိုင်ငံသုံး ငွေကြေး လီရာ ဟာ မနေ့က ဈေးကွက်ပိတ်ချိန်မှာ သုံးဆယ်ရာနှုန်း တန်ဖိုး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
![]() |
အန်ကာရာ မြို့မှာ တူရကီ ငွေကြေး လီရာ အတက်အကျကို စောင့်ကြည်နေသူတွေ
|
အကြောင်းရင်း ကတော့ အမေရိကန် နိုင်ငံသား သင်းအုပ်ဆရာ အင်ဒရူး ဘရန်ဆန် ကို တူရကီ က ဆက်လက် ချုပ်နှောင် ထားတဲ့ အတွက် ကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ ဆာရာ ဆန်းဒါး က ဆိုပါတယ်။
အမေရိကန်နိုင်ငံ က တူရကီ ဝန်ကြီး နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ကို ထိန်းချုပ်သွားမှာ ဖြစ်ပြီး သူတို့ နှစ်ယောက် နဲ့ ဘဏ္ဍာရေး ဆက်သွယ် ဆောင်ရွက် တဲ့လူတွေကိုလည်း အရေးယူ သွားမယ် ဆိုပြီး အမေရိကန် တို့ ဘက် က ပြောပါတယ်။
BBC Burmese
https://www.bbc.com
အတက်အကျ အနိမ့်အမြင့် ကန်တူရကီ ဆက်ဆံရေး
Reviewed by THITHTOOLWIN
on
10:47
Rating:
