(ဗီယက်နမ်ဖွား အမေရိကန်နိုင်ငံသူ Angel Phan ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဟိုချီမင်းမြို့က တရားရုံးမှာ တွေ့ရစဉ်) |
James Nguyen ဂျိန်း ငုယင်နဲ့ Angel Phan အင်န်ဂယ် ဖန်တို့ ၂ ဦးဟာ အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါနီးယားပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ ဗီယက်နမ် ယာယီအစိုးရဆိုတဲ့ အဖွဲ့အစည်းဝင်တွေဖြစ်ပြီး အစိုးရဆန့်ကျင်ရေး စာရွက်စာတန်းတွေ ဖြန့်ချိခဲ့ကြောင်းနဲ့ ဒေသခံ ရေဒီယိုအသံလွှင့်ဌာနတွေကို သိမ်းပိုက်ပြီး အစိုးရဆန့်ကျင်ရေး အစီအစဉ်တွေ လွှင့်ထုတ်ဖို့နဲ့ ဆန္ဒပြပွဲတွေပြုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ဗီယက်နမ် အစိုးရပိုင် သတင်းဌာနက ပြောပါတယ်။
သူတို့ ၂ ယောက်ရဲ့ အပေါင်းပါဖြစ်တဲ့ ဒေသခံ ၁ဝ ဦးကိုတော့ ထောင်ဒဏ် ၅ နှစ်ကနေ ၁၁ နှစ်အထိ အပြစ်ပေးလိုက်ပါတယ်။
တရားသူကြီးက ဒီလူတွေဟာ နိုင်ငံတော်လုံခြုံရေးကို ထိပါးပြီး တိုင်းပြည်မှာ နိုင်ငံရေးနဲ့ လူမှုရေး မငြိမ်မသက်ဖြစ်ပေါ်အောင် အဖျက်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံသား ၂ ဦးကို ပြစ်ဒဏ်တွေ ကျခံပြီးရင် အမေရိကန်ပြည်ထောင်စု ပြည်နှင်ဒဏ်ပေးမယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese
ဗီယက်နမ်မှာ အမေရိကန် ၂ ဦး ထောင်ဒဏ် ၁၄ ကျ
Reviewed by THITHTOOLWIN
on
10:32
Rating: