သက္ကေပြင် ဒုက္ခသည်စခန်းက ဒုက္ခသည်များ |
စစ်တွေနဲ့ ၈ မိုင်လောက် ကွာဝေးတဲ့ သက္ကေပြင် ဒုက္ခသည်စခန်းမှာ စစ်တွေမြို့ နာဇီရပ်ကွက်ကနေ ထွက်ပြေးလာကြတဲ့ အစ္စလာမ် ဘာသာဝင် ၆ ထောင်နီးပါး အခုချိန်ထိ ဆက်လက် ရှိနေကြပါတယ်။
အဲဒီ စခန်းမှာ အဆောင်ပေါင်း ၁၂၅ ဆောင်ရှိပြီး တစ်ဆောင်စီမှာ အခန်း ၈ ခန်း၊ တစ်ခန်းမှာ မိသား တစ်စုစီ နေထိုင်နေကြပါတယ်။
မိသားစုဝင်တွေ အားလုံး တစ်ခန်းတည်းမှာ စုနေကြရလို့ နေရထိုင်ရတာ အခက်အခဲ ရှိတယ်လို့ ဒုက္ခသည် တွေက ပြော ပါတယ်။
စခန်းက ကလေးတွေကို ယာယီစာကျောင်းတွေမှာ ပညာသင်ကြားပေး |
စခန်းထဲမှာ နေထိုင်ကြရသူတွေက သူတို့မှာ အလုပ်အကိုင်မရှိကြဘဲ အစိုးရက တစ်လတစ်ခါ ပေးတဲ့ စားနပ် ရိက္ခာတွေ ကိုပဲ မှီခို စားသောက် နေရတယ်လို့ ပြောပါတယ်။
အစောပိုင်း အချိန်တွေတုန်း ကတော့ အဲဒီ ရိက္ခာတွေကို မရခဲ့ဘူးလို့ ဆိုကြပါတယ်။
မိသားစု ၈ ယောက်ရှိတဲ့ ဒေါ်မာသိမ်း ဆိုတဲ့ ဒုက္ခသည် ကတော့ သူတို့ကို အစိုးရက ပေးတဲ့ ရိက္ခာနဲ့ မိသားစု မစားလောက် ပေမယ့် ဖြစ်အောင် စားသောက် နေရတယ်လို့ ပြောပါတယ်။
ဒီလို ကုန်စုံဆိုင်လေးကိုလည်း စခန်းထဲမှာ တွေ့ရ |
အရင်တုန်းက စစ်တွေ မြို့ပေါ်မှာ ရခိုင် တိုင်းရင်းသားတွေနဲ့ မောင်နှမတွေလို အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင် ခဲ့ကြပေမယ့် အခုတော့ သီးခြားစီ ဖြစ်နေလို့ စိတ်ပူ မိတယ်လို့ ဒေါ်မာသိမ်းက ပြောပါတယ်။
သူ့အိမ်ကိုသူ ပြန်ချင်ပြီ လို့လည်း ပြောပါတယ်။
ဒေါ်မာသိမ်းလိုပဲ သက္ကေပြင် ဒုက္ခသည်စခန်းမှာရှိနေကြတဲ့ ဒုက္ခသည် ၅ ထောင်ကျော်က သူတို့ရဲ့ မူရင်း နေရာတွေမှာသာ ပြန်လည် နေထိုင်လိုတဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။
BBC Burmese
https://www.bbc.com
စစ်တွေမြို့နယ်က မွတ်ဆလင် ဒုက္ခသည်တွေ မူရင်းနေရာတွေမှာပဲ ပြန်နေလို
Reviewed by THITHTOOLWIN
on
05:31
Rating: