မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးရှိ ဂေါပကရုံးခန်းနှင့်တွဲလျက်ရှိသည့် ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်းအား သြဂုတ်လ ၁၈ ရက် ညပိုင်းက ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖောက်ထွင်းမှုမှ တရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကနေဦးသတင်းရရှိသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ ဖောက်ထွင်းမှုဖြစ်စဉ်အား အသေးစိတ်စုံစမ်းဖော်ထုတ်ချက်အရ တရားခံ ကျော်ဇေယျ (မဟာမုနိဘုရားကြီးဝန်ထမ်း) ၅၉လမ်း၊ နှင်းဆီလမ်းနှင့် မနော်ဟရီလမ်းကြား၊ ကံသာယာမြို့သစ်နေသူအား ငွေကျပ် ၃၆၉၀၀၀၀ ကျော်၊ နိုင်ငံခြားငွေများ ၊ ရွှေဆိုင်း ၂၅ ဆိုင်းနှင့် ၉ ကုတ် စသည့်သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

မဟာမုနိဘုရားကြီးရှိ ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ဖောက်ထွင်းမှုမှ တရားခံ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:51
Rating: