ယာဉ်နောက်လိုက်တစ်ဦး မောင်းလာတဲ့ ကုန်ပို့ မှန်လုံယာဉ်ငယ်တစ်စီးဟာ သြဂုတ်လ(၁၁)ရက်၊ ညနေ(၄)နာရီ(၂၀)မိနစ်ခန့်က တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရဲ့ လမ်းဘေးပလက်ဖောင်းမှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်လေးစီးကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ တောင်ကြီးကနေ အေးသာယာကို ကုန်ပစ္စည်းတွေ သွားရောက်ပို့ဆောင်ဖို့ အေးသာယာကားဝင်းကို အသွားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်လေးစီးကို တိုက်မိခဲ့ပါတယ်။
အဲဒီမှန်လုံယာဉ်ငယ်ပေါ်မှာ ကုန်တွေ အပြည့်တင်ဆောင် မောင်းနှင်လာတာ ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးတစ်ဦးကို ပွတ်တိုက်မိခဲ့ကာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ပြီး မော်တော်ဆိုင်ကယ်လေးစီးစလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
အဲဒီယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲက ယာဉ်မောင်းသူကို မော်တော်ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
သတင်း................သန်းထိုက်အောင်
One News Myanmar
https://www.facebook.com/onenewsmyan
တောင်ကြီးမြို့မှာ မှန်လုံယာဉ်ငယ်တစ်စီးက ဆိုင်ကယ် လေးစီးကို ဆင့်ကဲတိုက်
Reviewed by THITHTOOLWIN
on
14:30
Rating:
