အိန္ဒိယ အမျိုးသမီးတစ်ဦး ၎င်း၏ မိခင်ဖြစ်သူ သားအိမ်အစားထိုးခွဲစိတ်မှုဖြင့် အောင်မြင်စွာ ကလေးမွေးဖွားနိုင်တော့မည်
![]() |
အိန္ဒိယနိုင်ငံတွင် သားအိမ်အစားထိုး ကုသမှုဖြင့် ကလေးမွေးဖွားတော့မည့် အိန္ဒိယ အမျိုးသမီးအား တွေ့ရစဉ် (ဆင်ဟွာ) |
မကြာသေးမီက သားအိမ်အစားထိုးမှု အောင်မြင်စွာ ဆောင်ရွက်ပြီးသည့် အိန္ဒိယ အမျိုးသမီးသည် အာရှတွင် ပထမဆုံး သားအိမ်အစားထိုးခွဲစိတ်မှုဖြင့် ကလေးမွေးဖွားတော့မည် ဖြစ်ကြောင်း မဟာရက်ရှ်ထရာပြည်နယ် အနောက်တောင်ပိုင်း Pune မြို့ရှိ ပုဂ္ဂလိကဆေးရုံရှိ ဆရာဝန်များက ပြောကြားခဲ့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးထံသို့ အစားထိုးပေးခဲ့သည့် သားအိမ်မှာ ၎င်း၏ မိခင်ဖြစ်သူသားအိမ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးမှာ ယခုအခါ ကိုယ်ဝန် ရက်သတ္တပတ် ၂၀ သို့ရောက်ရှိနေပြီဖြစ်သည်။
“သားအိမ်အစားထိုးခြင်းက အလွန်ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ ခွဲစိတ်မှုက ကိုးနာရီကြာခဲ့တယ်။ သိပ်လွယ်ကူတဲ့ ခွဲစိတ်မှုတော့မဟုတ်ပါဘူး။ သန္ဓေသားက အမျိုးသမီးရဲ့ သားအိမ်ထဲမှာ ကောင်းမွန်စွာနဲ့ သန္ဓေတည်နေပါပြီ” ဟု ဒေါက်တာ Puntambekar က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် သြဂုတ်လ ၁၀ ရက်က ပြောကြားခဲ့သည်။
“ဒါက ကျွန်မအမေရဲ့ သားအိမ်ပါ။ ကျွန်မရဲ့ ကလေးကို ကျွန်မမွေးဖွားလာခဲ့ရတဲ့ သားအိမ်ထဲကနေပဲ မွေးဖွားခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်” ဟု အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးက ပြောသည်။
(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယ အမျိုးသမီးတစ်ဦး ၎င်း၏ မိခင်ဖြစ်သူ သားအိမ်အစားထိုးခွဲစိတ်မှုဖြင့် အောင်မြင်စွာ ကလေးမွေးဖွားနိုင်တော့မည်
Reviewed by THITHTOOLWIN
on
10:21
Rating:
