အာဖဂန်တွင် တာလီဘန် နှင့် IS တို့ အကြားတိုက်ပွဲဖြစ်ပွား၍ လူ ၁၇ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ရှိ တာလီဘန် စစ်သွေးကြွများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ရှီဘာဂန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ်၊ Darzab ခရိုင်တွင် ဇူလိုင် ၁၀ရက် နံနက်ပိုင်းက ပြိုင်ဘက်အဖွဲ့များဖြစ်သော တာလီဘန်စစ်သွေးကြွအုပ်စု နှင့် IS စစ်သွေးကြွတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး တာလီဘန် ၁၅ဦး နှင့် IS စစ်သွေးကြွ ၂ဦးသေဆုံးကြောင်း ဒေသတွင်းအစိုးရတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၁ တွင်ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mohammad Reza Ghafori က တိုက်ပွဲအတွင်း တာလီဘန်စစ်သွေးကြွ ၄ဦး အပါအဝင် စစ်သွေးကြွ ၇ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

တာလီဘန် နှင့် IS တို့က ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်တွင် တာလီဘန် နှင့် IS တို့ အကြားတိုက်ပွဲဖြစ်ပွား၍ လူ ၁၇ဦးသေဆုံး အာဖဂန်တွင် တာလီဘန် နှင့် IS တို့ အကြားတိုက်ပွဲဖြစ်ပွား၍ လူ ၁၇ဦးသေဆုံး Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.