Facebook လူမှုကွန်ရက်ပေါ်တွင် ခင်မင်ရင်းနှီးခဲ့သူမှ အအေးခွက်အတွင်း ဆေးခတ်တိုက်ခဲ့ပြီး ဆွဲကြိုးဖြတ်ယူမှုဖြစ်ပွား
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတစ်ဦးကို မန္တလေးမြို့ ၊ (၁၈×၁၉) လမ်းကြား၊ (၆၆)လမ်း၊ ကျုံးဘေးရှိ အအေးဆိုင်တွင် တွေ့ဆုံစဉ် အအေးခွက်အတွင်း ဆေးခတ်တိုက်ခဲ့ပြီး ဆွဲကြိုးဖြတ်ယူမှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်မှုအရ သိရပါသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၄ ရက်နေ့ ယမန်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် များသည် မပေါ်ပေါက်သေးသည့် ခိုးမှု/လုယက်မှုများအား ကူညီစုံစမ်းဖော်ထုတ်ပေးရန် သက်သေ များနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် အောင်မြေသာစံမြို့နယ်၊ (၆၅×၆၀)လမ်းကြား၊ (၁၉)လမ်း အရောက် ကြိုတင်သတင်းရရှိထားသူ ချမ်းမြသာစည်မြို့နယ်နေ ထက်အောင်(ခ)ကေမင်းခန့်(၂၃)နှစ် ဆိုင်ကယ်မောင်းနှင်လာသည်ကို တွေ့ရှိရ၍ ရပ်တန့်စစ်ဆေးခဲ့ပါသည်။
စစ်ဆေးချက်အရ ၎င်းသည် ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတစ်ဦး (၁၈×၁၉) လမ်းကြား၊ (၆၆)လမ်း၊ ကျုံးဘေးရှိ အအေးဆိုင်တွင် တွေ့ဆုံစဉ် ၎င်းအမျိုးသမီးသောက်မည့် အအေး ခွက်အတွင်း မူးဝေစေသောဆေးခတ်ကာ တိုက်ခဲ့ပြီး မူးဝေနေစဉ် အမျိုးသမီး၏ လည်ပင်းတွင်ဝတ် ဆင်ထားသည့် (၁၅)ပဲရည် အလေးချိန်(၁)ကျပ်(၂)ရွေးသားခန့်ရှိ ပုံဆန်းဆက်ဖြတ်ရွှေဆွဲကြိုး(၁)ကုံး အား ဖြတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထက်အောင်(ခ)ကေမင်းခန့် ထံမှ သက်သေခံပစ္စည်းသိမ်းဆည်းပြီး ၎င်းအား အမှတ်(၁)နယ်မြေရဲစခန်း (ပ)၃၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၈ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
သစ်ထူးလွင်
Facebook လူမှုကွန်ရက်ပေါ်တွင် ခင်မင်ရင်းနှီးခဲ့သူမှ အအေးခွက်အတွင်း ဆေးခတ်တိုက်ခဲ့ပြီး ဆွဲကြိုးဖြတ်ယူမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:26
Rating: