ဟိုပင် ဇူလိုင် ၈
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်မြို့ကြာကြီးကွင်း ကျေးရွာပြည်ထောင်စုကားလမ်းမ ကြီးပေါ်တွင် ကောက်စိုက်သမ များစီးနင်းလိုက်ပါလာသော သုံး ဘီးနှင့်ပရိုဘောက်စ်ယာဉ်တို့ မျက် နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ နံနက် ၇ နာရီခန့်တွင် မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား ပြည်ထောင်စုကား လမ်းမပေါ် မိုင်တိုင်အမှတ် ၃၄၂ နှင့် ၃၄၃ အကြား ကြာကြီး ကွင်းကျေးရွာတွင် ဟိုပင်ဘက်မှ မြစ်ကြီးနားဘက်သို့ ဦးမြင့်သိန်း မောင်းနှင်ပြီး ဘေးတွင်ဦးကျော် ထွန်းနိုင်လိုက်ပါလာသောMDY-9H/---- ပရိုဘောက်စ်မော်တော် ယာဉ်နှင့် ကြာကြီးကွင်းကျေးရွာ မှ ဟိုပင်ဘက်သို့ ဦးကျော်စိုး မောင်းနှင်လာပြီး ကောက်စိုက်သမ ၁၃ဦး လိုက်ပါလာသောသောLIFAN အမျိုးအစား အနီရောင် သုံးဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြသည်။
ထိုသို့တိုက်မိခဲ့သဖြင့် သုံးဘီး ယာဉ်ပေါ်တွင် လိုက်ပါလာကြ သောသုံးဘီးယာဉ်မောင်းသူဦးကျော် စိုးတွင် ဦးခေါင်းဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ခြေသ လုံးပွန်းခြစ်ဒဏ်ရာ၊ ဒေါ်ရီရီ (၄၃ နှစ်) တွင်အပေါ် နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ၊ ဝဲ/ယာဒူးပေါက်ပြဲဒဏ်ရာ၊ ဒေါ်အေးဟန် (၃၅နှစ်)တွင် ဝဲဘက် နား အထက်ဦးခေါင်းတွင်ပေါက်ပြဲ ဒဏ်ရာ၊ဝဲဘက်ခြေသလုံးနာကျင် ဒဏ်ရာ၊ မရီရီဝင်း(၁၉နှစ်)တွင် ဝဲဘက်ဒူးပွန်းပဲ့ဒဏ်ရာ၊ ယာဘက် တံတောင်နာကျင်ဒဏ်ရာ၊ မချစ် သဲစု(၂၇နှစ်) တွင် ဝဲဘက်ဒူးပွန်းပဲ့ ဒဏ်ရာ၊ ယာဘက်တံတောင်နာ ကျင် ဒဏ်ရာ၊ ဒေါ်ထွေးစိန်(၃၈ နှစ်)တွင် ဝဲဘက်ခြေသလုံးနာကျင် ဒဏ်ရာ၊ ဝဲဘက်မျက်လုံးဖူးယောင် ဒဏ်ရာများ (မစိုးရိမ်ရ)အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။
ထိုသို့ ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်မဆင်မခြင်မောင်း နှင်ကြသည့် ပရိုဘောက်စ်ကား မောင်းနှင်သူ ဦးမြင့်သိန်း (၄၆ နှစ်) မိုင်းနားကျေးရွာ ဝိုင်းမော်မြို့နယ် နေထိုင်သူနှင့် သုံးဘီးမောင်းနှင်သူ ဦးကျော်စိုး (၃၅နှစ်) (၅)မိုင်ကျေး ရွာ ဟိုပင်မြို့ မိုးညှင်းမြို့နယ်နေ ထိုင်သူတို့အား ဟိုပင်နယ်မြေရဲစ ခန်းမှ ယာဉ်(ပ)၁၂/၂ဝ၁၈၊ ပုဒ်မ-၃၃၇/၃၃၈ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် သုံးဘီးယာဉ်နှင့် ပရိုဘောက်စ်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ
Reviewed by THITHTOOLWIN
on
19:46
Rating: