နိုင်ငံခြားသား လင်မယားထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသူကို ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖမ်းဆီးရမိ


မန္တလေးမြို့တွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား လင်မယားထံမှ စလင်းဘက် ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသွားသူအား ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၅ရက်နေ့ ည ၁၁နာရီအချိန့်တွင် ကျုံးဘေး၌ လေညှင်းခံ လမ်းလျှောက်ပြီး တည်းခိုရာ ဟိုတယ်သို့ ပြန်လာသည့် တရုတ်နိုင်ငံသား လင်မယားသည် ချမ်းအေးသာစံမြို့နယ်၊ ၂၈×၂၉လမ်းကြား၊ ၇၃လမ်းအရောက်၌ ၎င်းတို့အနောက်ဖက်မှ မျက်နှာအား Mask ဖြင့် တပ်ဆင်ဖုံးအုပ်ထားပြီး ဆိုင်ကယ်မောင်းနှင်လာသူမှ တရုတ်နိုင်ငံသား အမျိုးသမီးလွယ်ထားသည့် စလင်းဘက် ပိုက်ဆံအိတ်ကို လုယူခဲ့ရာ တရုတ်အမျိုးသမီးမှာ ဒရွတ်တိုက်ပါသွားခဲ့ပြီး လုယူသူ၏ ဆိုင်ကယ်မှာလည်း လဲကျသွားခဲ့သည်။

 ထိုသို့ လဲကျစဉ် အမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိပြည်သူများနှင့်လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းဖမ်းဆီးခဲ့သဖြင့်စလင်းဘက်အိတ်အား လုယူရန်ကြံစည်အားထုတ်သူ မင်းဆက်သာ(ခ)ဆက်လင်းမောင်၊ ၂၁နှစ်၊ (ဘ)ဦးသိန်းမြင့်၊ ကျပန်းလုပ်၊ ၂၆×၅၇လမ်း နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား အမှတ်(၈)မြို့မရဲစခန်းမှ (ပ)၄၁၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၃ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
နိုင်ငံခြားသား လင်မယားထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသူကို ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖမ်းဆီးရမိ နိုင်ငံခြားသား လင်မယားထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသူကို ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.