ကလေးများကို ရိုက်နှက်၍ သီလရှင်ဝတ်စုံဝတ်ခိုင်းကာ အလှူခံခိုင်းစေသူအား အရေးယူ


နေပြည်တော် ဇူလိုင် ၎

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၌ ကလေးများကို ရိုက်နှက်၍ သီလရှင်ဝတ်စုံဝတ်ခိုင်းကာ အလှူခံ ရန် ခိုင်းစေသူအား ဇူလိုင် ၃ ရက်က အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီက မ္တလေးတိုင်းဒေသကြီး မတ္တရာ မြို့ အမှတ်(၅)အောင်ချမ်းသာရပ်ကွက်နေ ကျော်ကျော်စိုး(ခ)ကုလား (၂၇ နှစ်)သည် ၄င်း၏မယားပါသား မောင်မြင့်မြတ် ခေါင် (၂ နှစ် ၈ လ)အား ဆဲဆိုပြီး အရှည် တစ်တောင်ခန့်ရှိ သစ်သားပြားနှင့် ရိုက်နှက်ခဲ့သဖြင့် မောင်မြင့်မြတ်ခေါင်တွင် ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး မတ္တရာပြည်သှူဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ယခင်ကလည်း မယားပါ ကလေးများ ဖြစ်သော မပြာသိုချမ်းမြေ့ (၉ နှစ်)နှင့် မဖူးဖူး(၅ နှစ်)တို့နှစ်ဦးအား သီလရှင် ဝတ်စုံဝတ်ခိုင်း၍ တစ်နေ့လျှင် ငွေကျပ် ၆ဝဝဝ နှုန်းရအောင် စေခိုင်းခဲ့ကြောင်း သိရှိရသဖြင့် ဇူလိုင် ၃ ရက်က ကျော်ကျော်စိုး(ခ)ကုလားအား မတ္တရာ မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကလေးများကို ရိုက်နှက်၍ သီလရှင်ဝတ်စုံဝတ်ခိုင်းကာ အလှူခံခိုင်းစေသူအား အရေးယူ ကလေးများကို ရိုက်နှက်၍ သီလရှင်ဝတ်စုံဝတ်ခိုင်းကာ အလှူခံခိုင်းစေသူအား အရေးယူ Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.