တနင်္သာရီမြို့အတွင်းက ရပ်ကွက်တချို့ ရေကြီးနေတာကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ် / Photo: Than Soewin - facebook |
မြစ်ရေဟာ တနင်္သာရီမြို့အတွက် စိုးရိမ်ရေအမှတ်ထက်ကျော်ပြီး အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာတွေကို ရေဝင်တာလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
"စိုးရိမ်ရေအမှတ် ၁၇ ပေသတ်မှတ်ထားတာ ခု ၁၇ ပေ ၁၀ လက်မ ကျော်သွားပြီဆိုတော့ မြို့ထဲကိုတော့ ရေဝင်ပြီပေါ့၊ ကျန်တဲ့ကျေးရွာတွေမှာတော့ တချို့ကျေးရွာတွေမှာ နေအိမ်ပြောင်းရွေ့ရတဲ့ ကျေးရွာတွေ လည်းရှိတယ်လို့ သတင်းတတ်တာတွေရှိတယ်၊ အခြေအနေကတော့ စောင့်ကြည်တုန်းပဲ၊ ဘာမှတိတိ ကျကျတော့မရှိသေးဘူး၊ အနိမ့်ပိုင်းတွေမှာတော့ ဒူးလောက်ရောက်တာလည်းရောက်တယ်၊ တချို့အနိမ့် ပိုင်းတွေဆို ရင်ဘက်လောက်ဖြစ်သွားမှာပေါ့"
လတ်တလောမှာတော့ ဘန်းသဲရွာနဲ့ သူဌေးအနောက်ရွာတို့က နေအိမ်စုစုပေါင်း ၃ဝ နီးပါး ရေနစ်မြုပ်နေတာကြောင့် ဘုန်းတော်ကြီးကျောင်းကို ရွေ့ပြောင်းထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ တနင်္သာရီမြစ်ရေဟာ ဆက်လက်မြင့်တက်နေပြီး မြို့အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တွေက နေအိမ်တွေမှာ ၅ ပေလောက်အထိ ရေမြုပ်နေပါတယ်။
တနင်္သာရီမြို့ဟာ ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ၅ နှစ်အကြာမှာ ရေကြီးတဲ့အန္တရာယ် ကြုံရတာဖြစ်ပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ မြန်မာပြည်တောင်ပိုင်းမှာ မိုးဆက်လက်များနိုင်ပြီး သံလွင်မြစ်ရေဟာလည်း စိုးရိမ်ရေအမှတ် ရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
တနင်္သာရီ ရေကြီး
Reviewed by THITHTOOLWIN
on
18:40
Rating: