ဂရိတ်ဝေါလ်ကုမ္ပဏီမှ မျိုးမမှန်သောစပါးရောင်းသည်ဟုဆိုကာ ရွှေဘိုခရိုင်မှ တောင်သူများ ဆရာစံပုံ ကိုင်စွဲ၍ ဆန္ဒပြ


မုံရွာ ဇူလိုင်၂၀၁၈။

မန္တလေးမြို့ ဂရိတ်ဝေါလ်ကုမ္ပဏီမှ ရောင်းချသော နွေစပါး မျိုးစေ့များသည် မျိုးမမှန်သဖြင့် ၀ယ်ယူစိုက်ပျိုးခဲ့သော ရွှေဘိုနှင့်ဒီပဲယင်းမှ တာင်သူများ ဧကထောင်ချီ နစ်နာခဲ့၍ ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့တွင် ဆန္ဒပြခဲ့ကြကြောင်း သိသည်။

သရက်ကန်၊ ခွန်တောင်းကြီး၊ လိပ်ချင်း၊ သီလုံး၊ နှမစားရစ်၊ကျားရွာ၊ ညောင်ပင်သာ စသောကျေးရွာများမှ တောင်သူ ၁၅၀ ခန့်သည် ကိုလိုနီခေတ်က တောင်သူလယ်သမားခေါင်းဆောင် ဆရာစံ ရုပ်ပုံပါ ဗီနိုင်းအား ကိုင်စွဲ၍ မုံရွာမြို့ မိန်းလမ်းမပေါ်တွင် လမ်းလျောက်ဆန္ဒပြခဲ့ကြာခြင်းဖြစ်သည်။

" နိုင်ငံတော်ကလည်း မျိုးစေ့မှန်အောင် စစ်ပေးရမယ်၊ ကုမ္ပဏီကလည်း တောင်သူတွေကို လျော်စေချင်တယ်။ တောင်သူတွေမှာ တစ်နှစ်ရှုံးရင် သုးံနှစ်လိုက်မမီတော့ဘူး "ဟု ဆန္ဒပြဖွဲ့ခေါင်းဆောင် ဦးသန်းဝေက ပြောသည်။

ဂရိတ်ဝေါကုမ္ပဏီမှ ရောင်းသော ပုလဲသွယ် သက်လျင်စပါးမျိုးကို တစ်တင်းလျင် ၉သောင်းနီးပါး ဈေးဖြင့် တောင်သူများမှ ၀ယ်ယူစိုက်ခဲ့ရပြီး စပါးအထွက်နှုန်းမှာ တညီတည်းမရှိပဲ ရိတ်သိမ်းရာတွင်လည်း တစ်ဧက ၄၅ တင်းခန့်သာ ထွက်တော့သည်ဟု ဆိုသည်။ ၄င်းစပါးမျိုးကို ယခင်ကတည်းက ကုမ္ပဏီထံမှ ၀ယ်ယူသုးံခဲ့ရာ အထွက်နှုန်းကောင်းသော်လည်း ယခုနှစ်မှ ပြဿနာများကြုံတွေ့ပြီး တောင်သူ ၃၀၀ ရာကျော၏ စိုက်ဧက ထောင်ချီ နစ်နာခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် ဆင်းရဲသားတောင်သူလယ်သမားများအပေါ် အမှန်မကန် ဂုတ်သွေးစုပ်အမြတ်ထုတ်သော မန္တလေး ဂရိတ်ဝေါလ် ကုမ္ပဏီအလိုမရှိ၊တောင်သူများ၏ ဆုးံရှုးံနစ်နာမှုကို တာဝန်ယူမှု ၊တာဝန်ခံမှုမရှိသော ဂရိတ်ဝေါလ် ကုမ္ပဏီအားအရေးယူပေးရေး စသော ကြွေးကြော်သံ ၆ ချက်ကို ဟစ်ကြွေးဆန္ဒပြခဲ့ကြသည်။

ဂရိတ်ဝေါလ် ကုမ္ပဏီမှရောင်းသောမျိုးဖြင့် စိုက်ခဲ့ပြီးသီနှံအထွက်နှုန်းမညီသောသော စပါးခင်းများကို မြို့နယ်စိုက်ပျိုးရေး ဌာနမှ ကွင်းဆင်းစစ်ဆေးမှုများကိုလည်း ဆောင်ရွက်နေသည်ဟု သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
ဂရိတ်ဝေါလ်ကုမ္ပဏီမှ မျိုးမမှန်သောစပါးရောင်းသည်ဟုဆိုကာ ရွှေဘိုခရိုင်မှ တောင်သူများ ဆရာစံပုံ ကိုင်စွဲ၍ ဆန္ဒပြ ဂရိတ်ဝေါလ်ကုမ္ပဏီမှ မျိုးမမှန်သောစပါးရောင်းသည်ဟုဆိုကာ ရွှေဘိုခရိုင်မှ တောင်သူများ ဆရာစံပုံ ကိုင်စွဲ၍ ဆန္ဒပြ Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.