![]() |
အမျိုးသမီးသုံးပစ္စည်း အခွန်တိုးကောက်လို့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတရပ်ကို အိန္ဒိယနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေက လပေါင်းများစွာ လုပ်ဆောင်ခဲ့ |
အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အခွန် ၁၂ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ရတာပါ။ အခုလို ပယ်ဖျက်လိုက်တဲ့ အပေါ်မှာလည်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုနေကြပါတယ်။
အခုလို အခွန်သတ်မှတ်ချက်ကြောင့် နိုင်ငံတဝှမ်းက အမျိုးသမီးတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဝယ်ယူဖို့အတွက် ပိုမို ခက်ခဲစေမှာဖြစ်ပြီး အမျိုးသမီး ၅ ဦးမှာ ၄ ဦးက အဲဒီ လစဉ်သုံး ပစ္စည်းတွေ ဝယ်ယူဖို့ လက်လှမ်းမမှီကြဘူးလို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
အမျိုးသမီးတွေ ဓမ္မတာလာရင် သုံးတဲ့ ပစ္စည်းရဖို့အတွက် ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေက အမျိုးသမီးတွေဟာ အချိန်အကြာကြီးစောင့်စားနေခဲ့ရတယ်လို့ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့က ဆာချီဆာဟယ်လီက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
အမျိုးသမီးလစဉ်သုံးပစ္စည်း အခွန်ကောက်ခံမှု ပယ်ဖျက်
Reviewed by THITHTOOLWIN
on
20:48
Rating:
![အမျိုးသမီးလစဉ်သုံးပစ္စည်း အခွန်ကောက်ခံမှု ပယ်ဖျက်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0rfHUZIWuzFQlx1_uBX69EfU6o8H-mvfr8_fBWO-nIUeJ2zVlEvKVECAqdexYRYvWGqrSZt5rYJm6uKyzjL8ojT3HBglnGnxhG2bt0vLbfPqJG5j2sTU1GAGgndMkAQvxz5tT8suwYDU/s72-c/8.jpg)