မကွေး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်က ရွာသစ်ရေကျော်မှာ ဇူလိုင်၂၁ရက် ညနေ ၃ နာရီကျော်က ရေအလွန်စီးနေတာကို ဖြတ်သွားတဲ့ လောင်စာဆီတင်ယာဉ်တစ်စီးဟာ ရေစီးကြောင့် မျောပါသွားခဲ့တယ်လို့ နတ်မောက်မြို့မရဲစခန်းကသိရပါတယ်။
ဂါလံ ၂၈၀၀ ဆန့် ဖူဆိုအမျိုးအစား ဆီဘောက်ဆာယာဉ်ဟာ မိတ္ထီလာမြို့ ကနေ အထက်မင်းလှမြို့ကိုသွားရာမှာ် ရွာမွန်ကျေးရွာအုပ်စုက ရွာသစ်ရေကျော်အရောက် အနက် (၄)ပေ၊အကျယ် (၄၀)ပေခန့်ရှိနေတဲ့ ရေကျော်အတွင်းကို ဖြတ်ကူးမောင်းနှင်ခဲ့ရာမှာ ရေစီးအတွင်းရပ်တန့် သွားပြီး ကားလမ်းနဲ့ ပေ ၁၀၀ ခန့်မျောပါသွားတာဖြစ်ပါတယ်။
ဒီလိုမျောပါသွားပေမယ့် ယာဉ်ပေါ်ပါသူတွေထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။အန္တရာယ်ရှိတာကိုသိပေမယ့် ယာဉ်ကိုမဆင်မခြင်မောင်းနှင် တာကြောင့် ယာဉ်မောင်းကို နတ်မောက်မြို့မရဲစခန်းက ယာဉ်(ပ)၃၃/၁၈ ရာဇသတ်ကြီးပုဒ်မ၂၇၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဇော်ဇော်( မြို့သစ် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ချောင်းရေကို အထင်သေးစွာမောင်းသော ဆီဘောက်ဆာကား ရေစီးတွင် မျောပါသွား
Reviewed by THITHTOOLWIN
on
21:03
Rating:
![ချောင်းရေကို အထင်သေးစွာမောင်းသော ဆီဘောက်ဆာကား ရေစီးတွင် မျောပါသွား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxb5wnL4QvBYRz_Nc1bpKncIwY0hYpxL_xeq5bEfuk2e5csWIvGBQTUGPftjSuKSIn2ttiTJpoX0cHALJSVGVCRn-2pMu7GDtTmoMXVJ3d_xn6LEo8ztOSWy_WBdlGMc8j6NlMtdu7bvc/s72-c/14.jpg)