မြိတ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို ဒဏ်ငွေကျပ်(၂)သိန်း၊ သတင်းပေးသူကို ကျပ် တစ်သိန်းပေးပြီး စတင်အရေးယူ


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက် ကမ်းနားရေပြင်ကို ညအချိန်မှာ ဘေးတွဲဆိုင်ကယ်နဲ့လာရောက်ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူကို စည်ပင်သာယာရေးကော်မတီရုံးက ဇူလိုင်(၁၀)ရက်မှာ ဒဏ်ငွေကျပ်(၂)သိန်းနဲ့ စတင်အရေးယူခဲ့ပါတယ်။


 စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေဖို့အတွက် မြိတ်မြို့အတွင်း ရှိ ရပ်ကွက်လမ်းဆုံ နေရာ(၃၀) မှာ စည်းကမ်းမဲ့အမှိုက်ပစ်သူကို ဒဏ်ငွေ ကျပ်(၂)သိန်းနဲ့ အရေးယူမယ်၊ သတင်းပေးသူကို ဆုငွေကျပ်(၁)သိန်းချီးမြှင့်မယ်လို့ ကြေညာခဲ့ပြီး ဖြစ်တယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုကပြောပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်(၉)ရက် ညပိုင်းအချိန်က အဲဒီစည်းကမ်းမဲ့အမှိုက်လာရောက်စွန့်ပစ်သူကို နောက်လယ်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်မိရပ်ဖတွေက ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်မှာ စည်ပင်သာယာရေးကော်မတီကို လာရောက်အပ်နှံခဲ့တဲ့အတွက် စည်းကမ်းမဲ့အမှိုက်စွန်ပစ်သူကို ဒဏ်ငွေ ကျပ်(၂)သိန်းနဲ့ အရေးယူခဲ့သလို ဖမ်းဆီးသတင်းပေးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်မိရပ်ဖတွေကိုလည်း ဆုငွေကျပ်(၁)သိန်းချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း.................ခိုင်ထူး(မြိတ်)
One News Myanmar
https://www.facebook.com/onenewsmyan
မြိတ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို ဒဏ်ငွေကျပ်(၂)သိန်း၊ သတင်းပေးသူကို ကျပ် တစ်သိန်းပေးပြီး စတင်အရေးယူ မြိတ်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို ဒဏ်ငွေကျပ်(၂)သိန်း၊ သတင်းပေးသူကို ကျပ် တစ်သိန်းပေးပြီး စတင်အရေးယူ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.