ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ်(၁၁၂/၄)နှင့် (၁၁၂/၅)အကြားတွင် ဇူလှိုင် ၁၇ ရက်၊ နံနက်ပိုင်းက ဓာတ်မြေသြဇာအိတ်များ တင်ဆောင်လာသော (၂၂)ဘီးယာဉ်ကို ဆန်အိတ်များ တင်ဆောင်လာ သည့် (၂၂) ဘီးယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိရာ (၂)ဦးသေဆုံးခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သိရှိရသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ထွန်းသစ်ဦး (၂၆)နှစ် မောင်းနှင်လာသော TONG STAR အမျိုးအစား အဖြူရောင်(၂၂)ဘီးယာဉ်မှာ ဓာတ်မြေသြဇာ အိတ်များ တင်ဆောင်မောင်းနှင်းလာစဉ် လာရာတူနောက်မှ ဆန်အိတ်များတင်ဆောင်ပြီး ယာဉ်မောင်း ကျော်မင်းဦး (၃၇)နှစ် မောင်းနှင်းလာသည့် NISSAN DIESEL အမျိုးအစား အဖြူရောင်(၂၂)ဘီးယာဉ်က အရှိန်းမထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်စီးလုံးက ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းလာကြတာပါ။ ဓာတ်မြေသြဇာအိတ်တွေ တင်လာတဲ့ ကားကို ဆန်အိတ်တင်လာတဲ့ကားက နောက်ကနေအရှိန်မထိန်းနိုင်ဘဲဝင်တိုက်တာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦး သေဆုံးခဲ့တယ်။ ကားကြားမှာညှပ်နေလို့ထုတ်ယူတာ၊ ရှင်းလင်းတာတွေ လုပ်တာကိုတော့ မွန်းလွှဲပိုင်းမှာပြီးစီးခဲ့တယ်။”ဟု ကျောက်တံခါးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ဝင်တိုက်မိခြင်းကြောင့် ဆန်အိတ်များ တင်ဆောင်လာသည့် ယာဉ်ပေါ်မှ ယာဉ်မောင်းနှင့် ယာဉ်အကူနှစ်ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်နှစ်စီးတိုက်သည့်နေရာအား ရှင်းလင်းခြင်းကို မွန်းလွဲပိုင်းတွင်ပြီးစီးခဲ့ပြီး သေဆုံးသူရုပ်အလောင်းများကို ကျောက်တံခါးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိတွင် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မချင် အရှိန်ပြင်းစွာလူသေဆုံးစေရန်အထိ မောင်းနှင်သဖြင့် ယာဉ်မောင်း ကျော်မင်းဦးကို ကျောက်တံခါးမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၀/၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဓာတ်မြေသြဇာတင်ဆောင်လာသည့်ယာဉ်ကို ဆန်အိတ်များ တင်ဆောင်လာသည့်ယာဉ်က ဝင်တိုက်မိရာ လူ(၂) ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:21
Rating: