ဂုတ်တွင်း ၆ ထပ်ကွေ့တွင် ခရီးသည်တင် မှန်လုံကားတစ်စီး ပြုတ်ကျ

ကျောက်မဲ ၊ဇူလိုင် (၅)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း ၆ ထပ်ကွေ့၌ ဇူလိုင်လ ၄ ရက် ည ၁၁ အချိန်ခန့်က ခရီးသည်တင် မှန်လုံကားတစ်စီး ပြုတ်ကျခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၈၄(၂/၃) အကြားခြောက်ထပ်ကွေ့တွင် မူဆယ်မှ နေပြည်တော်သို့ ယာဉ်မောင်း ရဲမင်းအောင် ပုသိမ်မြို့နေသူ မောင်းနှင်လာသော ကြယ်စင်သစ္စာယာဉ်လိုင်းမှ ယာဉ်အမှတ်2B/ …. ဖူဆို မှန်လုံယာဉ်သည် ဂုတ်တွင်း ၆ ထပ်ကွေ့မှ ၄ ထပ်ကွေ့သို့ ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်ပါခရီးသည်များထဲမှ ကျား ၁ ဦးသေဆုံးခဲ့ပြီး ကျား ၁၀ ဦး မ ၅ ဦး မစိုးရိမ်ရ ဒဏ်ရာ အသီးသီးရရှိခဲ့သည်။

 အဆိုပါဒဏ်ရာရရှိသူများကို နောင်ချို လူမှုကူညီရေး အသင်းယာဉ်များဖြင့် နောင်ချိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

 ကျောက်မဲခရိုင် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဂုတ်တွင်း ၆ ထပ်ကွေ့တွင် ခရီးသည်တင် မှန်လုံကားတစ်စီး ပြုတ်ကျ ဂုတ်တွင်း ၆ ထပ်ကွေ့တွင် ခရီးသည်တင် မှန်လုံကားတစ်စီး ပြုတ်ကျ Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.