စစ်ရှောင်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် မိုင်းကိုင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကူညီပေးနေ |
ရှမ်းပြည်တောင်ပိုင်း ကျေးသီးနဲ့ မိုင်းကိုင်မြို့နယ်ထဲမှာ ဇူလိုင် ၉ ရက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအခုလို ဘေးလွတ်ရာ မိုင်းကိုင်မြို့နဲ့နီးတဲ့ ဟမ်ငိုင်းရွာဘက်ကို ထွက်ပြေး လာတာ ဖြစ်ပါတယ်။
ဒီဒေသမှာ တိုက်ပွဲမဖြစ်ဖူးတဲ့အတွက် ဒေသခံတွေဟာ ထိတ်လန့်ပြီး ဘာမှယူမလာနိုင်လို့ အကူအညီတွေလိုအပ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးစိုင်းဝမ်းလိုင်းခမ်းက ဘီဘီစီကို ပြောပါတယ်။
ပင်လုံ ညီလာခံ တတိယ အစည်းအဝေး နေပြည်တော်မှာ ကျင်းပနေ |
စစ်ရှောင်ပြည်သူတွေရဲ့ကျန်းမာရေးအတွက် မိုင်းကိုင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ကူညီပေးနေပေမယ့် ရေရှည်အတွက်ဆိုရင် အတော်လိုအပ်မယ်လို့ SNLD ရဲ့ သူက ပြောပါတယ်။
စခန်းတနေရာက ရှမ်းပြည်တောင်ပိုင်းတပ်သားတွေ |
နေပြည်တော်မှာ ပင်လုံညီလာခံအစည်းအဝေးတက်နေတဲ့ အာစီအက်စ်အက်စ်ခေါင်းဆောင်တွေ အနေနဲ့ အစိုးရနဲ့ စစ်တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။
RCSS/SSA အဖွဲ့ဟာ အရင်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အန်စီအေ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
ရှမ်းတောင်တိုက်ပွဲ စစ်ရှောင်သူ တထောင်ကျော်ရှိ
Reviewed by THITHTOOLWIN
on
22:22
Rating: