![]() |
စွမ်းအင် စိန်ခေါ်မှုနဲ့ မြန်မာ ရင်ဆိုင်နေရ |
လျှပ်စစ်နဲ့ စွမ်းအင် ၀န်ကြီးဌာန အနေနဲ့ ဒီနှစ်ကုန်ပိုင်းအထိ ကုန်းတွင်း စွမ်းအင် စီမံကိန်း ၁၈ ခု၊ ကမ်းလွန် လုပ်ကွက်စီမံကိန်း ၁၃ ခု ကို လုပ်ကိုင်ဖို့ နိုင်ငံတကာကို ကမ်းလှမ်းမယ်လို့ နိုင်ငံပိုင် မြန်မာ့ ရေနံ နဲ့ ဓါတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးက ပြောပါတယ်။ ဒီစီမံချက်မှာ အရင်ကလို ပြည်တွင်း ကုမ္ပဏီတွေနဲ့ ဖက်စပ် မလုပ်မနေရ ဆိုတာမျိုး မရှိတော့ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မပြောဆိုပါဘူး။
မြန်မာနိုင်ငံမှာ စွမ်းအင် ထုတ်ယူနိုင်မှု အလားအလာ ကြီးမားသလောက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက် တွေကလည်း ကြီးမားတယ်လို့ ရိုက်တာက ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတဲ့ ပြည်ပ စွမ်းအင် ကုမ္ပဏီတွေဟာ ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှာ ပြန်ထွက်သွားခဲ့ကြပါတယ်။
ပြန်ထွက်သွားကြတဲ့ အကြောင်းရင်းတွေထဲမှာ လုပ်ငန်းဆိုင်ရာ ပြဿနာတွေအပြင် ရခိုင်ပြည်နယ်ကိစ္စ၊ လွတ်လပ်စွာ ပြောဆိုဖေါ်ပြခွင့် နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အပေါ် အရေးယူဖိနှိပ်နေတဲ့ ကိစ္စတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese
စွမ်းအင် စိန်ခေါ်မှုနဲ့ မြန်မာ ရင်ဆိုင်နေရ
Reviewed by THITHTOOLWIN
on
10:27
Rating:
![စွမ်းအင် စိန်ခေါ်မှုနဲ့ မြန်မာ ရင်ဆိုင်နေရ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDyZyD7w2_fLfLqgkA04tK4YT0TwahMAw4XnjB_AWOqgg7k47u2Z8kDlR0dtu52WBE63vqnSW3ySowpQalR4CJgGgG-hlpDGCC3im5lgvmWxV5SWmxiaK8gceJ5JmhTOx6bz5v74OGbw4/s72-c/19.jpg)