ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ထဲက ခြောက်ယောက်ကို ဂူအပြင် ကယ်ထုတ်လာနိုင်ပြီလို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
လူငယ် ၁၃ ယောက်ကို ကျွမ်းကျင်ရေငုပ်သမား ၁၈ ဦးက ကယ်ထုတ်မယ်လို့ ထိုင်းအစိုးရက ဒီမနက်ပိုင်းမှာ ကြေညာထားတာပါ။
ပထမဆုံးတစ်ယောက်ကို ထိုင်းစံတော်ချိန် ဒီနေ့ည ၉ နာရီမှာ ကယ်ထုတ်လာနိုင်ဖို့ ခန့်မှန်းထားတဲ့အကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်လို့ အဲဒီနေရာမှာ သတင်းယူနေတဲ့ တာချီလိတ်သတင်းအေဂျင်စီ က ကိုဇောင်း က ပြောပါတယ်။
"နိုင်ငံတကာ ကျွမ်းကျင်ရေငုပ်သမားက ၁၃ ဦး၊ အထူးရေတပ်က ၅ ဦး၊ ၁၈ ဦးဝင်သွားတယ်၊ မနက် ၁ဝ နာရီ လောက်က၊ ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့အချိန်မှာ သူတို့ ဝင်သွားတယ်၊ အခုဝင်သွားတာ ၁၈ ဦး၊ ဝင်သွားတယ်ဆိုပေမယ့် ဂူထဲမှာ ရေငုပ်သမားတွေလည်း ရှိသေးတယ်၊ ကလေးတစ်ယောက်ကို နှစ်ယောက် အရှေ့တစ်ယောက် အနောက်တစ်ယောက် ထိန်းပြီးတော့ လိုက်လာမှာပေါ့"
မယ်ဆိုင်ဂူ ပတ်ဝန်းကျင်ကိုလည်း ဒီနေ့မနက်မှာ ရှင်းလင်းထားပြီး ကလေးတွေရဲ့ မိဘတွေနဲ့ လူနာတင်ယာဉ် ၁၃ စီးကိုသာ ဂူဝန်းကျင်မှာတွေ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က မယ်ဆိုင်လိုဏ်ဂူအတွင်း ပျောက်ဆုံးနေတဲ့ အားကစားနည်းပြ တစ်ဦးနဲ့ အသင်းသား လူငယ် ၁၂ ဦး ကို ဇူလိုင်လ ၂ ရက်နေ့ညက ရှာဖွေတွေ့ရှိပြီးတဲ့နောက် ဒီနေ့မှာတော့ အပြင်ကိုကယ်ထုတ်ဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
လူငယ် ၆ ယောက် ဂူအပြင်ရောက်ရှိ
Reviewed by THITHTOOLWIN
on
21:09
Rating: