![]() |
တနင်္သာရီမြို့အတွင်းက ရပ်ကွက်တချို့ ရေကြီးနေတာကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်/ Photo: Than Soewin - facebook |
လက်ရှိမှာ မိုးများပြီး ရေကြီးနစ်မြုပ်မှုတွေဖြစ်နေတဲ့ တင်္သာရီတိုင်းဒေသကြီးမှာလည်း မိုးကြီးတာတွေ ထပ်ဖြစ်နိုင်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
"အခုလက်ရှိ ရွာနေတဲ့မိုးထက်တော့ အနည်းငယ်လျော့လာမယ်ပေါ့နော်။ တနင်္သာရီကလည်း မနေ့တုန်းက တော်တော်လေး ပြန်ကျသွားတဲ့အနေထားရှိနေတယ်ပေါ့နော်။ မုတ်သုံအင်အားကောင်းတဲ့အခြေအနေက နောက်နေ့ ရခိုင်ကမ်းရိုးတန်းဘက်မှာ လျော့သွားပေမယ့် မွန်နဲ့ တနင်္သာရီကမ်းခြေမှာ မုတ်သုံအင်အား ဆက်ကောင်းနေဦးမှာ ဖြစ်တဲ့အတွက် မိုးတော့ဆက်ရွာနေဦးမယ်နော်။ မိုးကတော့ ဒီရက်ပိုင်းတွေမှာ ရွာနေသလောက်တော့ မများပေမယ့် နေရာကွက်ပြီးမိုးကြီးတာတွေ ရှိနေဦးမယ့် အနေထားပါ"
မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နေရာကွက်မိုးကြီးတာ၊ ဒေသအလိုက် မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
မုန်တိုင်းငယ်ဟာ လက်ရှိအချိန်မှာ ဘင်္ဂလားပင်လယ်အော်မှာတည်ရှိနေပြီး အိန္ဒိယကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
မြစ်ရေအခြေအနေတွေကတော့ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ဒီနေ့လောက်ကစပြီး ရောက်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေကတော့ ဟင်္သာတမြို့၊ ပေါင်းလောင်းမြစ်ရေဟာ မဒေါက်မြို့၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့တွေမှာ စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် မြစ်ကမ်းအနားမှာ နေတဲ့သူတွေ၊ မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေအနေနဲ့ အထူးဂရုပြုကြဖို့ သတိပေး ထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
မိုးထပ်ကြီးနိုင်
Reviewed by THITHTOOLWIN
on
20:23
Rating:
![မိုးထပ်ကြီးနိုင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi67FiG03Zq06viuw6KEg_J1XDJGleQCPHWvCwshyC5Q7QFZanAVvCAjR3pKURjfauhKN3C02FcoVwM1Z8DeNvRKyOUCr6NXn9Jw2FBF6n4NoYOfkCuy7XkXamPvdpSF2UlF7qR_LK4mZ8/s72-c/8.jpg)