မိုးရေးမှာ ညမထွက်ရ အမိန့်ထုတ်

မြန်မာ-အိန္ဒိယနယ်စပ်ကို တွေ့ရစဉ်/ Photo:defenceaviationpost.com
မြန်မာနဲ့ အိန္ဒိယ နယ်စပ်မှာဖြစ်ပေါ်နေတဲ့ နယ်ခြားမှတ်တိုင်အရေးကြောင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့နယ်အတွင်း ပုဒ်မ ၁၄၄ နဲ့ ညမထွက်ရအမိန့်ကို စနေနေ့က ထုတ်ပြန်ထားပါတယ်။

အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာ ည ၇ နာရီကနေ မနက် ၄ နာရီအတွင်း လူငါးဦးထက် ပိုမိုစုဝေးခွင့် ၆ လ ပိတ်ထားပါတယ်။  အခုလိုထုတ်ပြန်ရတာဟာ အိန္ဒိယ- မြန်မာ နယ်ခြားမှတ်တိုင်အမှတ် ၈၁ ကို မြန်မာဘက်က အိန္ဒိယပိုင်နယ်အတွင်း ၃ ကီလိုမီတာ ခန့် ဝင်ရောက်စိုက်ထူခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ တင်းမာနေတဲ့အတွက်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက အလံများစိုက်ထူကြပြီး နိုင်ငံရေးပါတီတွေ လူမှုရေးအဖွဲ့တွေပါ အမျိုးသားရေးနဲ့ ကျူးကျော်မှုအဖြစ် ဆော်သြနေကြပါတယ်။ အခုလို သူတို့ပိုင်နက်အတွင်း နယ်ခြားမှတ်တိုင် ဝင်စိုက်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်တွေက အထူးကော်မတီတရပ်ဖွဲ့စည်း စုံစမ်းနေပါတယ်။ ဒီအဖွဲ့က အစိုးရကို အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
မိုးရေးမှာ ညမထွက်ရ အမိန့်ထုတ် မိုးရေးမှာ ညမထွက်ရ အမိန့်ထုတ် Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.