အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၄နာရီအတွင်း စစ်သွေးကြွ ၂၅ဦးကို သုတ်သင်နိုင်ခဲ့

အာဖဂန်နစ္စတန်နိုင်ငံမှ တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ) Asia
 ကဘူးလ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က လွန်ခဲ့သည့် ၂၄နာရီအတွင်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စုစုပေါင်း စစ်သွေးကြွ ၂၅ ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်အရ သေဆုံးသွားသူများအနက် ၅ဦးသည် IS စစ်သွေးကြွအုပ်စု အဖွဲ့ဝင်များ နှင့် ဆက်နွယ်နေပြီး ကျန်လူများမှာ တာလီဘန် စစ်သွေးကြွများဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်ဖျက် မိုင်း၉လုံးအပါအဝင် လက်နက်ခဲယမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး မိုင်းများအား ဖယ်ရှားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၄နာရီအတွင်း စစ်သွေးကြွ ၂၅ဦးကို သုတ်သင်နိုင်ခဲ့ အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၄နာရီအတွင်း စစ်သွေးကြွ ၂၅ဦးကို သုတ်သင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.