ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လှေနှစ်စီး တိမ်းမှောက်မှုမှ ခရီးသည် ၁၃၃ ဦးအနက် အများစုကို ကယ်ဆယ်နိုင်ခဲ့

ထိုင်းနိုင်ငံတွင် လှေတိမ်းမှောက်မှုအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ) Asia
ဘန်ကောက် ၊ဇူလိုင် ၅ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က  ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈း၃၀ နာရီအထိ  တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

 သို့သော်ခရီးသည်အားလုံးကို ကယ်ဆယ်နိုင်ခဲ့ခြင်းရှိမရှိကိုမူ  ထိုင်းအာဏာပိုင်များက အတည်ပြုပြောဆိုခြင်းမရှိခဲ့ကြောင်း   ဆွန်ခလာရှိ တရုတ်ကောင်စစ်ဝန်ချုပ်ကြာဇူလိုင်လ ၅ ရက်တွင် ပြောဆိုခဲ့သည်။လှေပေါ်တွင် တရုတ်ခရီးသည်အချို့ပါဝင်ကြောင်း၊ ၎င်းတို့ အနက်အများစုမှာ တစ်ရက်တာ အလည်အပတ်သွားရောက်ကြသူများ သို့မဟုတ်တရုတ်ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုများဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ် ကပြောသည်။

 ထိုင်းနိုင်ငံတွင် လှေတိမ်းမှောက်မှုအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)
ကယ်ဆယ်နိုင်ခဲ့သူများအနက် လေးဦးမှာ ဒဏ်ရာအနည်းငယ်ရရှိထားသဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း တာဝန်ရှိသူက ဆိုသည်။ ထိုင်းမီဒီယာသတင်းများအရ အဆိုပါလှေ နှစ်စီးမှာ ဒေသစံတော်ချိန် ညနေ ၅း၄၅နာရီခန့်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန်ည ၈း၀၀နာရီ အချိန်အထိလူ ၄၉ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။

 Xinhua
http://www.xinhuamyanmar.com
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လှေနှစ်စီး တိမ်းမှောက်မှုမှ ခရီးသည် ၁၃၃ ဦးအနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လှေနှစ်စီး တိမ်းမှောက်မှုမှ ခရီးသည် ၁၃၃ ဦးအနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.