ယီမင်၌ မင်္ဂလာဆောင်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံး


ကူဝိတ်စီးတီး ဇူလိုင် ၎

ယီမင်နိုင်ငံ အနောက်မြောက်ပိုင်း ဆာဒါး ပြည်နယ်၌ မင်္ဂလာပွဲတစ်ခုကျင်းပနေစဉ် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံ လုံခြုံရေးအရာရှိတစ်ဦးက မကြာသေးမီ က ပြောခဲ့သည်။

ညွန့်ပေါင်းတပ်ဖွဲ့သည် ဇူလိုင် ၃ ရက်က ညနေပိုင်းတွင် ဆာဒါး ပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ကျင်းပပြုလုပ်နေသည့် မင်္ဂလာပွဲကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူ အများစုမှာ အမျိုးသမီးများနှင့် ကလေး များဖြစ်ကြောင်း အမည်မဖော်လိုသည့် ယီမင်နိုင်ငံလုံခြုံရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆော်ဒီအာရေဗျနိုင်ငံဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့သည် လတ်တလော ရက်ပိုင်းတွင် ယီမင်နိုင်ငံအတွင်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ရာ ဇွန် ၂၅ ရက်အထိ အမျိုးသမီးနှင့် ကလေးငယ် အနည်းဆုံး ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယီမင်ဟူသီ လက်နက်ကိုင်တပ်ဖွဲ့ သည် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်နိုင်ငံ မြို့တော်ကို သိမ်းပိုက်ခဲ့ပြီး နောက် ယီမင်တောင်ပိုင်းကို ဆက်လက် သိမ်းပိုက်ခဲ့ရာ သမ္မတ မန်ဆောဟာဒီမှာ ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လတွင် ဆော်ဒီ အာရေဗျနိုင်ငံ ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့သည် ဟူသီလက်နက်ကိုင်တပ်ဖွဲ့ အားတိုက်ခိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ယီမင်၌ မင်္ဂလာဆောင်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံး ယီမင်၌ မင်္ဂလာဆောင်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 11:35 Rating: 5
Powered by Blogger.