Kamala Harris
|
တကယ်လို့ ဒီဥပဒေသာ အဆိုပြုနိုင်ခဲ့မယ်ဆိုရင် အပြစ်ကျူးလွန်သူတွေဟာ ထောင်တစ်သက် တကျွန်းအထိ ကျခံရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီမိုကရက် အမတ်ဖြစ်တဲ့ Corey Booker ကတော့ ဒါဟာ ဟန်ပြသဘောသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိုလုပ်ဖို့ ကြိုးစားတာ ထပ်ချည်းတလဲလဲ ဖြစ်နေပြီး လက်တွေ့မှာတော့ အခုအချိန်ထိ လူစုလူဝေးနဲ့ ဥပေဒမဲ့ သတ်ဖြတ်တာကို ဆန့်ကျင်တဲ့ ဘာဥပဒေမှ ပြဌာန်းထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
၁၉ ရာစုနဲ့ ၂၀ ရာစု ကာလတွေမှာ အမေရိကန် လူဖြူ လူဆိုးဂိုဏ်းတွေက သူတို့ဘာသာ တရားစီရင်ပြီး အာဖရိကန် အမေရိကန်တွေကို သတ်ဖြတ်ခဲ့ကြပါတယ်။
တခါတလေ လူမဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အဲဒီလို သတ်ဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
၁၉၂၅ ခုနှစ်က ဂျော်ဂျီယာမှာ ဥပဒေမဲ့ သတ်ဖြတ်တာ ခံခဲ့ရပုံ |
ဒါပေမယ့် ကျုးလွန်သူ ၉၉ ရာနှုန်းလောက်ဟာ အပြစ်ပေးခံရခြင်း မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
အဲဒီလို လူစုလူဝေးနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာကို ဆန့်ကျင်တဲ့ ဥပေဒ မျိုးကို ပြဌာန်းပေးဖို့ အရင်က အကြိမ် ၂၀၀ ကျော်လောက် ကြိုးစားခဲ့ပေမယ့် မဲခွဲ ပယ်ချတာ ခံခဲ့ရပါတယ်။
ဒီဥပဒေမူကြမ်း အတည်ဖြစ်ဖို့ဆိုရင် အထက်လွှတ်တော်အမတ် ၆၀ ရဲ့ ထောက်ခံမဲ ရရှိရမှာ ဖြစ်ပါတယ်။
အခုလောလောဆယ်တော့ ဒီအဆိုကို အထက်လွှတ်တော် ၁၆ ယောက်လောက်က ထောက်ခံထားကြတယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာမှာ ရေးသားထားပါတယ်။
လူစုလူဝေးနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာကို ဆန့်ကျင်တဲ့ ဥပဒေမူကြမ်းကို လွန်ခဲ့တဲ့ နှစ် ၁၀၀ က ၁၉၁၈ ခုနှစ်မှာ ရီဘာပလစ်ကန် အမတ်တစ်ဦးက ပထမဆုံးအကြိမ် အဆိုတင်သွင်းခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ့တုန်းက အောက်လွှတ်တော်မှာသာ အတည်ဖြစ်ခဲ့ပြီး အထက်လွှတ်တော်မှာ ဒီအဆို ရှုံးနိမ့်ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဥပဒေမဲ့ သတ်ဖြတ်တာကို ကြီးလေးတဲ့ ပြစ်ဒဏ်ချဖို့ လူမဲအမတ် ၃ ဦး အဆိုတင်သွင်း
Reviewed by THITHTOOLWIN
on
20:59
Rating: