မတ္တရာ ဇူလိုင် ၂၂
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် လမိုင်းကျေးရွာအုပ်စု ရှားစေချက်ကျေးရွာ တွင် ဇူလိုင်လ ၂၁ရက် ည ၇နာရီအချိန်၌ စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မတ္တရာမြို့နယ် လမိုင်းကျေးရွာအုပ်စု ရှားစေးချက်ကျေးရွာနေ ကျော်စိုး(၄၃) နှစ်(ဘ) ဦးရာ နှင့် ကျော်မိုးနိုင်(၃၆)နှစ်(ဘ)ဦးကျောက် ညောင်ပင်သာကျေးရွာ မတ္တရာမြို့ နေသူတို့ နှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ ကျော်မိုးနိုင်မှ ကျော်စိုးအား သံတုတ်ဖြင့် ရိုက်လိုက် သောကြောင့် ကျော်စိုးတွင် ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ နှာခေါင်းသွေး ထွက်ဒဏ်ရာ၊ ယာမျက်လုံးဖူး ယောင်ဒဏ်ရာ (၁)ချက်၊ ဝဲ/ယာဂျိုစောင်း ဖူးယောင်ပေါက်ပြဲ ဒဏ်ရာ(၁)ချက်စီ (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်းအား မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုမှုခံယူစေခဲ့ပြီးကျော်စိုးမှာ ဇူလိုင်လ ၂၂ရက် နံနက် ၈နာရီ ၁၅မိနစ် အချိန်တွင် သေဆုံးခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား မတ္တရာမြို့ မရဲစခန်းမှ အမှုဖွင့်အရေး ယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မတ္တရာမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:00
Rating:
![မတ္တရာမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Sxuxp4kzDBj4ZfSsYUKo9jGM3ZxR6fTKmCxA2wYUYLq1VxOhcUnsa1h-rdagxS8n34i8OyPqlYsnGaiIHIzvYHab94NDhB2uLdJRX-NY0Zk8fdW2dNYkpGZcUGNSqcbptDoZtcvQSrI/s72-c/13.jpg)