ကလိန်အောင် ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး ထား ဝယ်ခရိုင် ကလိန်အောင်မြို့ ဟိန္ဇဲ ကျေးရွာရှိ ရောင်နီဦး ဆီအုန်းခြံ အလုပ်သမားတဲစုဝန်းကျင်၌ ယမန် နေ့ ညနေ ၅ နာရီကျော်ခန့်က ယောက်ဖနှစ်ဦး စကားများရာက အစ မြက်ဖြတ်စက်ဖြင့် ထိုးဖြတ် ရာ ခါးရိုးပြတ်ရှနှင့်ကျောရိုးပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် ပွဲချင်းပြီး တစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေအိမ်၌ မစန်းမာ လာဝင်းနှင့် ခင်ပွန်းဖြစ်သူ ကိုဌေး လှိုင်(၄၄နှစ်)ဟိန္ဇဲကျေးရွာ ရောင် နီဦး ဆီအုန်းခြံကြီးကြပ်နှင့်အတူ ထမင်းစားနေစဉ် မောင်အရင်း တော်စပ်သူ မောင်ခက်ပိုင်ဦး(ခ) ထက်ပိုင်ဦး(၂၁နှစ်) ဟိန္ဇဲကျေးရွာ ရောင်နီဦးဆီ အုန်းခြံ မြက်ဖြတ် အလုပ်သမားသည် မြက်ဖြတ်စက် လွယ်လျက် နေအိမ်ရှေ့လမ်းမပေါ် သို့ ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ကိုဌေးလှိုင်အား မနက်က အလုပ် ထဲမှာ ညီမဖြစ်သူ မကြည်လဲ့လဲ့ဦး အား ဘာဖြစ်လို့ဆဲတာလဲဟု မေး ရာ ခင်ပွန်းဖြစ်သူက တာဝန်အရ ဆဲရတာဟုပြောပြီး တစ်ယောက် တစ်ခွန်း စကားများရာမှ ဂရု မစိုက်ဘူးဟုပြောဆိုထွက်သွားစဉ် ခင်ပွန်းဖြစ်သူမှာ နေအိမ်အောက်ရှိ တောခုတ်ဓားမအရှည်အား ဆွဲယူ လိုက်သွားရာ ထက်ပိုင်ဦးမှာနေအိမ် နှင့် အိမ်လေးလုံးကျော်ခန့် ရေ ချောင်းဘက် ချိုးကွေ့အရောက် တွင်လှည့်ပြီး စက်နှိုးထားသည့် မြက်ဖြတ်စက်ဖြင့်လှမ်း၍ ထိုးဖြတ် သောကြောင့် ခင်ပွန်းဖြစ်သူမှ ဓား ဖြင့်လှမ်းပေါက်ရာ မထိဘဲဘေးသို့ ကျသွားစဉ် ထပ်မံ၍ မြက်ဖြတ် စက်ဖြင့်ထိုးဖြတ်ရာ ထိမိသွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဌေးလှိုင်၏ ခါး ကျောရိုးပြတ်ရှ၊ ကလီစာများ ထွက်ကျဒဏ်ရာ၊ နောက်ကျော ဘက်ပြတ်ရှဒဏ်ရာများဖြင့် အခင်း ဖြစ်ပွားနေရာတွင် သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူမစန်းမာလာဝင်းကတိုင် တန်းသဖြင့် ကလိန်အောင်မြို့နယ် မြေရဲစခန်းမှ မောင်ခက်ပိုင်ဦး (ခ) ထက်ပိုင်ဦးအား(ပ)အမှတ်/ ပုဒ်မ၊ (ပ)၂ဝ/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
လင်းလင်း(ရေဖြူ)
The Union Daily
https://www.facebook.com/uniondaily.net
ယောက်ဖနှစ်ဦး စကားများရာကအစ မြက်ဖြတ်စက်ဖြင့် ထိုးဖြတ်ရာမှ ပွဲချင်းပြီးတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:10
Rating: