ဂုတ်တွင်းလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်တစ်ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ


ကျောက်မဲ ဇူလိုင် ၅

ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် (၈၃/၂-၃) အကြားတွင် ဇူလိုင် ၄ ရက် ည ၁ဝ နာရီခွဲက ယာဉ်မောင်းရဲမင်းအောင် မောင်းနှင်လာ သည့် မူဆယ်-နေပြည်တော် ခရီးသည်တင်မှန်လုံယာဉ်သည် လမ်းကွေ့ကြောအဆင်း၌ အရှိန်မထိန်းနိုင်ဘဲ ဂုတ်တွင်း လမ်းပိုင်းအပေါ်ကွေ့မှ အောက်ကွေ့သို့ ပြုတ်ကျ၍ တိမ်း မှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်အပါအဝင် ယာဉ်ပေါ်ပါသူ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီးလေးဦးတို့ ဒဏ်ရာများရရှိခဲ့ကြပြီး အမျိုး သားတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ အမှတ် ၁၂ဝ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကူညီပြီး လမ်းရှင်းလင်းရေး အတွက် ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ သေဆုံးသူနှင့် ဒဏ်ရာရသူများကို နောင်ချိုပရဟိတအသင်း မှမော်တော်ယာဉ်များဖြင့် နောင်ချိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ရဲမင်းအောင် အား နောင်ပိန်နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

သီပေါ(ကိုလတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဂုတ်တွင်းလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်တစ်ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ ဂုတ်တွင်းလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်တစ်ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.