(စင်္ကာပူနိုင်ငံရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ Orchard လမ်းမကြီးတနေရာကို တွေ့ရစဉ်) Photo: RFA |
အေဂျင်စီပိုင်ရှင်ရဲ့ ရှေ့နေက ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၄ဝဝဝ အများဆုံးချမှတ်ဖို့ လျှောက်ထားခဲ့ပေမယ့် တရားရုံးက အမြင့်ဆုံးငွေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ်အလုပ်လုပ်နိုင်ဖို့ အသက်အနည်ဆုံး ၂၃ နှစ်ပြည့်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ဒဏ်ငွေအချခံရတဲ့ အေဂျင်စီပိုင်ရှင်ရဲ့ ရှေ့နေက သူ့အမှုသည်အနေနဲ့ မိန်းကလေးကို နိုင်ငံကူးလက်မှတ်မှာပါတဲ့အသက်ကိုသာ စစ်ဆေးခဲ့ပြီး အဲဒီမှာ အသက်လိမ်ပြီး ဖြည့်စွက်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
အေဂျင်စီပိုင်ရှင်အနေနဲ့ မိန်းကလေးကို တွေ့ဆုံပြီး စစ်ဆေးမေးမြန်းဖို့ပျက်ကွက်ခဲ့ပြီး မြန်မာပြည်ဘက်က အေဂျင်စီကပေးပို့တဲ့အတိုင်း ဆက်ပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုမှာ အသက်လိမ်ပြီး စင်္ကာပူနိုင်ငံကို လာရောက်တဲ့ မိန်းကလေးကိုလည်း မြန်မာနိုင်ငံကို မနှစ်က ပြန်ပို့လိုက်ပြီင်္ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
၁၃ နှစ်အရွယ်ကို အိမ်ဖော်အဖြစ် ခိုင်းစေမှု စင်္ကာပူ ဒဏ်ရိုက်
Reviewed by THITHTOOLWIN
on
11:11
Rating: