မအူပင်မြို့နယ် ဘီးလင်းကျေးရွာတွင် ၂တန်းကျောင်းသူလေးတစ်ဦး အသတ်ခံရပြီး နားကွင်း တစ်ရံပျောက်ဆုံး
၂၀-၀၇-၂၀၁၇
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ် ၊ ကျွဲဒုံးကျေးရွာနယ်မြေရဲစခန်းအပိုင် ၊ ဘီးလင်းကျေးရွာအုပ်စု ၊ ဘီးလင်းကျေးရွာတွင် ၂တန်းကျောင်းသူလေး မခြူးမြတ်ချယ်(ခ)ဂျူးဂျူး (၇)နှစ် ၊ (ဘ)ဦးမျိုးမြင့်သည် ၂၀-၀၇-၂၀၁၇ နံနက်က အတန်းတူ မောင်ဝမ်းကွဲဖြစ်သူနှင့် ဘီးလင်းအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ရာ ကျောင်းမခေါ်ခင် မုန့်ထွက်ဝယ်စားရန် တစ်ဦးတည်း ကျောင်းအတွင်းမှ ပြင်ပသို့ ပြန်လည်ထွက်သွားစဉ် ကျောင်းနှင့် လူနေအိမ် လေးခြံကျော်ခန့် ခြားသော လူမနေသည့် နေအိမ် ခြံဝန်းကြီးတစ်ခု၏ အနောက်ဖက် လယ်ကွင်းစပ်၌ မှောက်ခုံအနေအထားဖြင့် ရွံ့နွံထဲ ထိုးနစ်မြုပ်ခံထားရ၍ သေဆုံးနေသည်ကို နံနက် ၁၀နာရီ ဝန်းကျင်မှာ ဘေးပတ်ဝန်းကျင်နေအိမ်ရှိ အမျိုးသမီးကြီးတစ်ဦးက တွေ့ ရှိခဲ့သည်။
၎င်း၏ နေအိမ်နောက်ဖေးမှ စတင်တွေ့ရှိခဲ့ရပြီး ဝတ်ဆင်ထားသည့် နားကွင်း တစ်ရံလည်း ပျောက်ဆုံးသွားကြောင်း ၊ အခင်းဖြစ်ရာအနီးတွင် တောရွာမှ သောက်လေ့သောက်ထရှိသော အရက်မျိုးအား အခြားအရောင်ရှိသည့် အရည်ဖြင့်ရောစပ်ထားလျက် လက်နှစ်လုံးစာသာကျန်ရှိတော့သည့် အနေအထားဖြင့် အနီရောင်ပလတ်စတစ်ဖုံး ဖန်/ပုလင်းဖြူတစ်လုံးကို တွေ့ရှိရကြောင်း ကနဦးသတင်းအရ သိရသည် ။
သေဆုံးသူ ကလေးငယ်၏ ကိုယ်ခန္ဓာတွင် လည်ပင်း အညိုအမဲစွဲကာ ထူးထူးခြားခြား ပြင်ပ ဒဏ်ရာ ဒဏ်ချက်များ မတွေ့ရှိရဘဲ လည်ပင်းညှစ်ခံရ၍ ရွံ့နွံ့ထဲမျက်နှာမှာမှောက်လျက်ဖြင့် ဆက်လက်ထိုးနစ်ခံရသဖြင့် အသက်ရှူမွန်ကြပ်ပြီး သေဆုံးရဟန်ရှိကြောင်း ၊ ရုပ်အလောင်းမှာ နေ့လည် ၁၂.၃၀နာရီအချိန်ခန့်တွင် မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် စစ်ဆေးစေလျက်ရှိပြီး အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
Kaung Myat
https://www.facebook.com/kaungmyat.soe.54
မအူပင်မြို့နယ် ဘီးလင်းကျေးရွာတွင် ၂တန်းကျောင်းသူလေးတစ်ဦး အသတ်ခံရပြီး နားကွင်း တစ်ရံပျောက်ဆုံး
Reviewed by THITHTOOLWIN
on
21:51
Rating:
![မအူပင်မြို့နယ် ဘီးလင်းကျေးရွာတွင် ၂တန်းကျောင်းသူလေးတစ်ဦး အသတ်ခံရပြီး နားကွင်း တစ်ရံပျောက်ဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMZMBbq2oS3syXFaJ8-grL1tK05J8oAjXqZ_yNTsBt7k-FoOAFaFssEf2UYaTp8K7IebjPatopp8TnIRGnzQZGjUV7PnutfmMdzgJIy3VwbTFjQ8gr3lF0r61hacbtmV-Vduw5Xr4rRJM/s72-c/5.jpg)