တရားမ၀င်နည်းနဲ့ နွားတွေ တင်လာတဲ့ ကုန်တင်ကားတွေကို တွေ့ရစဉ် / Photo: Tin Maung Thein - facebook |
ကုန်တင်ကား ၅ စီးနဲ့ သယ်ဆောင်လာတာကို မနေ့ နေ့လည်ပိုင်းက မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ် ကျောက်မဲမြို့ တိုးဂိတ်မှာ တားဆီးစစ်ဆေးရာမှာ အထောက်အထားမဲ့ သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရတာဖြစ်တယ်လို့ ကျောက်မဲ မြို့မရဲစခန်းမှူး ရဲမှူး ဟန်ဝင်းလှိုင် က ပြောပါတယ်။
"အေးရှားဝေါလ် တိုးဂိတ်မှာ မြို့နယ် ပူးပေါင်းအဖွဲ့နဲ့ စိစစ်ပြီး ဖမ်းတာပေါ့၊ အရေအတွက်က ၁၀၂ ကောင် အထီးတွေချည်းပဲ၊ ကန့်သတ်ကုန် ဖြစ်တဲ့အတွက် ကျနော်တို့က ဖမ်းဆီးပြီး ဥပဒေနဲ့အညီ အရေးယူလိုက်တာပေါ့"
ကုန်သည် ၂ ဦး ဟာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ကဖြစ်ပြီး နွားတစ်ကောင်ကို ကျပ် ၆ သိန်းနဲ့ ၀ယ်ယူလာတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ နွားကုန်သည် နှစ်ဦးနဲ့ ကုန်တင်ကား ယာဉ်မောင်း ၅ ဦး စုစုပေါင်း ၇ ဦးကို အရေးကြီးကုန်စည်အက်ဥပဒေ ပုဒ်မ ၅ နဲ့ အမှုဖွင့် စစ်ဆေးနေတာဖြစ်ပါတယ်။
အဲဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ လ ကနေ ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
တရုတ်ပြည်ကို တရားမ၀င်နည်းလမ်းနဲ့ နွားတင်ပို့တာတွေကို ကျောက်မဲမြို့နယ်အတွင်း မကြာခဏ ဖမ်းမိတာတွေရှိခဲ့ရာ ပြီးခဲ့တဲ့လအတွင်းမှာလည်း ဖမ်းမိခဲ့ပေမယ့် ဒီတစ်ကြိမ်က အရေအတွက် ပိုများတယ်လို့ ကျောက်မဲ မြို့မရဲစခန်းရဲ့ စာရင်းတွေအရ သိရပါတယ်။
BBC Burmese
https://www.rfa.org/burmese
တရုတ်ကို တရားမ၀င် နွားတင်ပို့မယ့်သူ ၇ ဦး ကို အမှုဖွင့်
Reviewed by THITHTOOLWIN
on
20:11
Rating: