အင်းတော်မြို့နယ်မှာ ဝက်နားရွက်ပြာရောဂါဖြစ်နေ

ဝက်မွေးမြူရေး ခြံတစ်ခြံကို တွေ့ရစဉ် / Photo: Kyaw Lwin Oo/ RFA
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားတဲ့ ဝက်အကောင်ရေ တစ်ရာကျော်ရှိပြီး ၂၅ ကောင်က သေဆုံးသွားတယ်လို့ အင်းတော်မြို့နယ် မွေးမြူရေး နဲ့ ကုသရေးဦးစီးဋ္ဌာနရဲ့ မြို့မနယ်မြေတာဝန်ခံ က ပြောပါတယ်။

အင်းတော်မြို့ပေါ်က အောင်မင်္ဂလာရပ်ကွက်၊ မဲဇာ၊ နန့်သဲ၊ နန်းနောင် စတဲ့ရပ်ကွက်နဲ့ ကျေးရွာလေးခုမှာ ဇွန်လ ၂၃ ရက်နေ့ကစပြီး ဖြစ်ပွားနေတာလို့ အင်းတော်မြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးဋ္ဌာန က ဒုတိယ ဦးစီးမှူး ဒေါက်တာမြင့်သူ က ပြောပါတယ်။

"ဝန်းသိုနယ်စပ် မဲဇာပေါ့။ လောလောဆယ်အနေအထားကတော့ အဲဒီ မဲဇာနဲ့ကပ်လျက် နန့်သဲပေါ့ ။ နောက်တခါ ကျနော်တို့ အင်းတော်မြို့ပေါ်အနေနဲ့ဆိုရင်တော့ အောင်မင်္ဂလာပေါ့။ ဒီအင်းတော် ရဲ့ နှစ်မိုင်လောက်ကွာတဲ့ ရွာတရွာပေါ့ နန်းနောင်။ အခုလောလောဆယ်တော့ အဲဒီလေးနေ ရာပေါ့။ တွေ့နေရတာ။ သေဆုံးသွားတဲ့ အဲဒီလေးနေရာမှာ ဖြစ်တဲ့ဟာဆိုလို့ရှိရင် ကောင်ရေ အစိတ်လောက်တော့ရှိတယ်ဗျ။ ဖြစ်တာကျတော့ တစ်ရာ့သုံးဆယ်လောက်တော့ရှိတယ်ဗျ။ အခုလက်ရှိအချိန်အထိ ကြေညာချက်၊ ထုတ်ပြန်ချက်အနေနဲ့ကတော့ လူကိုကူးစက်မှုတော့မရှိဘူးပေါ့။ လူကို ကူးစက်မှုမရှိဘူးဆိုပေမဲ့လို့ ဒီဟာက ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ တကယ်လို့များ နဂိုပိုးမဟုတ်ဘဲနဲ့ ပိုးအသစ်တွေထွန်းလာလို့ရှိရင် လူတွေကို ကူးစက်နိုင်တယ်၊ မကူးစက်နိုင်ဘူးဆိုတာကို  ပြောလို့မရဘူးလေ။ ဖြစ်လာခဲ့ရင်၊ သေလာခဲ့ရင်တော့ မစားသုံးဘဲ နဲ့ မြှုပ်ပစ်တာအကောင်းဆုံးပဲပေါ့။

လက်ရှိအခြေအနေမှာ အများပြည်သူတွေသိရှိအောင် အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေပြီး အင်းတော် မြို့နယ်က နေရာ ၃ ခုမှာ ဝက်တွေသယ်ဆောင်လာတဲ့ ယာဉ်အဝင်အထွက်တွေကို စစ်ဆေးနေတယ်လို့ ပြော ပါတယ်။

မဲဇာမြို့နယ်ခံတွေကလည်း သူတို့ဒေသဘက်မှာ ဝက်နားရွက်ပြာရောဂါဖြစ်ပြီး သေဆုံးတဲ့ဝက်တွေရှိနေတယ် လို့ ပြောပါတယ်။

ဝက်တွေဟာ အစာကောင်းကောင်းမစားတာ၊ တက်ကြွမှုမရှိဘဲ ငေးမှိုင်နေတာနဲ့ ခန္ဓာကိုယ်နဲ့ နားရွက်တွေ အရောင်ပြောင်းလာတာ၊ ဝမ်းသွားရင် ကျစ်တောက်လာပြီး ဆီးသွားတဲ့အခါမှာလည်း အရောင်တွေပါလာတာ စတဲ့အချက်တွေဟာ ဝက်နားရွက်ပြာရောဂါရဲ့ လက္ခာဏာတွေဖြစ်ပါတယ်။

ဝက်မွေးမြူရေးခြံတွေမှာ ရောဂါအများဆုံးဖြစ်ပြီး အဲဒီရောဂါကြောင့် သေဆုံးတဲ့ဝက်တွေကို စနစ်တကျမြေမြှုပ်ဖို့ နဲ့ ရောဂါဖြစ်တဲ့ဝက်တွေကို အသားပေါ်ပြီး မရောင်းချဖို့ အပါအဝင် သတ်ဖြတ်မစားကြဖို့ စတဲ့ ရှောင်ရန်၊ ဆောင် ရန်တွေကိုလည်း အသိပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တာဝန်ရှိသူတွေက ရောဂါဖြစ်နေတဲ့ဝက်တွေကို ကုသပေးတာတွေနဲ့ ပိုးသတ်ဆေးဖြန်းတာတွေ ကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်တိုင်း ဝန်းသိုနဲ့ ကောလင်းမြို့နယ်တွေဘက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လကစလို့ ဝက်နားရွက်ပြာရော ဂါတွေ ဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
အင်းတော်မြို့နယ်မှာ ဝက်နားရွက်ပြာရောဂါဖြစ်နေ အင်းတော်မြို့နယ်မှာ ဝက်နားရွက်ပြာရောဂါဖြစ်နေ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.