မော်လမြိုင်မြို့ သံလွင်တံတားမှာ စိတ်ကြွဆေးပြား တသိန်းခွဲကျော်ဖမ်းမိ

စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို ၂၀၁၈ ဇူလိုင် ၅ ရက်နေ့က တွေ့ရစဉ်
မွန်ပြည်နယ် မော်လမြိုင်မြို့က သံလွင်တံတားမှာ WY စိတ်ကြွဆေးပြား အရေအတွက် တသိန်းခွဲ ကျော်ကို အမျိုးသား ၄ဦး၊ အမျိုးသမီး တစ်ဦးတို့နဲ့အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

စိတ်ကြွဆေးပြား တသိန်းခွဲကျော်ကို မော်လမြိုင်မြို့ သံလွင်တံတားမှာ ဖမ်းဆီးမိတယ်လို့ မွန်ပြည်နယ် မှုခင်းအကူဌာန ရဲအုပ်ကျော်ဆန်း က RFA ကို အခုလို ပြောပါတယ်။

" WY အစိမ်းနဲ့ ပန်းနဲ့ပေါ့ စုစုပေါင်း ၁၅၅၀၀၅ ပြား လာတာကတော့ သူတို့ဘယ်လမ်းကြောင်းက လာလည်းဆိုတော့ ရှမ်းပြည်နယ် မိုးနဲဘက်ကနေ မော်လမြိုင်ကိုလာတာဗျ၊ မိတာကကျတော့ သံလွင်တံတား မော်လမြိုင်ဘက်ခြမ်း စည်ပင်ဘီးခွန်ကောက်တဲ့ စခန်းနားမှာ မိတာပါခင်ဗျ၊ ကျနော်ရောက်တဲ့ ၇ နှစ်ကျော်မှာတော့ ဒါကအများဆုံးပဲ"

အဲဒီစိတ်ကြွဆေးပြားတွေရဲ့ တန်ဖိုးစုစုပေါင်းဟာ ငွေကျပ် သိန်းရှစ်ထောင်နီးပါးရှိပြီး ကားနှစ်စီးနဲ့ ပါလာသူ ၅ ဦးကို မနေ့ညနေပိုင်းက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါး ပမာဏအများဆုံး ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်ကနေ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို ဖြန့်ချီဖို့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးတွေဖြစ်တယ်လို့ ရဲအုပ်ကျော်ဆန်း ပြောပါတယ်။

ဖမ်းဆီးမိထားတဲ့သူ ၅ ဦးကို  ရောင်းရန်အလို့ငှာ လက်ဝယ်ထားရှိမှု မူးယစ်ဆေးဝါးပုဒ်မ ၁၉ က ၊ အားပေးမှု  မူးယစ်ဆေးဝါးပုဒ်မ ၂၁  တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲအုပ်ကျော်ဆန်းက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
မော်လမြိုင်မြို့ သံလွင်တံတားမှာ စိတ်ကြွဆေးပြား တသိန်းခွဲကျော်ဖမ်းမိ မော်လမြိုင်မြို့ သံလွင်တံတားမှာ စိတ်ကြွဆေးပြား တသိန်းခွဲကျော်ဖမ်းမိ Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.