နေပြည်တော် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ဆင်သေကျေးရွာအနီး၌ ဇူလိုင် ၁၂ ရက် က ပုပ်ပွသေဆုံးနေသည့် ဧရာဝတီလင်း ပိုင်တစ်ကောင် တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ - မြန်မာ နိုင်ငံ အစီအစဉ်(WCS)မှ သိရသည်။
လင်းပိုင်အသေတစ်ကောင် တွေ့ ရှိကြောင်း ဆင်သေကျေးရွာ အုပ်ချုပ် ရေးမှူးမှတစ်ဆင့် သတင်းပေးပို့သဖြင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ သေဆုံးနေသော လင်းပိုင်မှာ အမ ဖြစ်ပြီး လင်းပိုင်သေတွေ့ရှိချိန်တွင် ပုပ်ပွ လျက် အပေါ်အရေခွံများ မပါရှိတော့ ကြောင်း သိရသည်။ ထိုသို့ ပုပ်ပွသေဆုံး နေမှုကြောင့် မည်ကဲ့သို့ သေဆုံးကြောင်း မှန်းဆရန် ခက်ခဲနေပြီး လွန်ခဲ့သော လေး၊ ငါး ရက်ခန့်ကတည်းက စဥ့်ကူးမြို့နယ်အနီး ဧရာဝတီမြစ်အတွင်း မျောပါလာသည်ဟု သိရပြီး လင်းပိုင်မှာ ပုပ်ပွနေသဖြင့် တတိယမြစ်ကျဉ်းအထက်ပိုင်းမှ သေဆုံး ကာ မျောပါလာခြင်းဖြစ်နိုင်ကြောင်း WCS မှ ခန့်မှန်းထားသည်။ အဆိုပါ သေဆုံးသွားသော ဧရာဝတီလင်းပိုင်အား သားငှက်ထိန်းသိမ်းရေးအဖွဲ့ - မြန်မာ နိုင်ငံ အစီအစဉ်မှ တာဝန်ရှိသူများက မြေမြှုပ်ပေးခဲ့ကြောင်း သိရသည်။
ယခုကာလများသည် မြစ်ရေတိုး၍ ချောင်းပေါက်မြောင်းပေါက်များ ပေါများ ပြီး လင်းပိုင်များ ချောင်းပေါက် မြောင်း ပေါက်များအတွင်း ပိတ်ဆို့တန်းထား သော ငါးဖမ်းပိုက်များတွင် ငြိတွယ် သေဆုံးတတ်သော ကာလဖြစ်သည့် အပြင် ရှော့တိုက်ငါးဖမ်းဆီးမှုများ ကြောင့် သေဆုံးခြင်းလည်း ဖြစ်နိုင် သဖြင့် ရှော့တိုက်ငါးဖမ်းဆီးမှုများနှင့် ငါးရစ်ငါးသန်ပေါက်ပွားချိန် ငါးဖမ်းဆီး မှုများ မပြုလုပ်သင့်ကြောင်း အကြံပြု ထားသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စိန်ကျွန်းကျေးရွာနှင့် ရွာသာအေးကျေးရွာ အကြားတွင် မွေးပြီးစ လင်းပိုင်သားပေါက်ငယ် တစ်ကောင်သောင်တင်နေ၍ ဒေသခံ မော်တော်သမားတစ်ဦးက တွေ့ရှိကာ ထိန်းသိမ်းစောင့်ရှောက်ထားစဉ် ဇွန် ၂၆ ရက်က သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းWCSမှ သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စဥ့်ကူးမြို့နယ်၌ ပုပ်ပွသေဆုံးနေသည့် ဧရာဝတီလင်းပိုင်တစ်ကောင် တွေ့ရှိ
Reviewed by THITHTOOLWIN
on
08:52
Rating: