ဘုတ်ပြင်း ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းဇူလိုင်လ ၂၀ ရက်နေ့ ည ၀၉း၁၅ အချိန်ခန့်က လေးခန်းတွဲ ရဲဝန်းထမ်းလိုင်းခန်းမှ ဘုရားမီးပူဇော်သည့် ၀ါယာကြိုးအပူလွန်ကဲပြီး ၀ါယာလျှော့ဖြစ်ကာမီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
မီးလောင်ရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊မီးသတ်ရေသယ်ယာဉ်(၁)စီးမြို့နယ် မီးသတ်ဦးစီးမှူနှင့်သန္ဓေတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ဒေခံပြည်သူများဘုတ်ပြင်းတပ်နယ်မှ တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၂၁ ၃၀)အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး(၂၁၄၅) အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့်အလျား(၆၀)ပေအနံ(၂၀)ပေရှိသွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်းလေးခန်းတွဲ ၀န်ထမ်း အိမ်ယာမီးလောင်ခဲ့ပြီးလူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့်မီးစတင်လောင်ကျွမ်းသည့် လေးခန်းတွဲအိမ်ယာမှ တပ်ဖွဲဝင်အား စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘုတ်ပြင်းလေးခန်းတွဲ ၀န်ထမ်းအိမ်ယာ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:24
Rating: