( ဓါတ်ပုံ - ရန်ကုန်မြို့ကို ဒလဘက်ကမ်းကနေ တွေ့ရစဉ် ) |
တကယ်တော့ မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတွေမှုဒဏ်ကို ရင်ဆိုင်နေရသလို အလုပ်လက်မဲ့ပြဿနာ၊ တိုင်းရင်းသားတွေနဲ့ ထိတ်တိုက်ရင်ဆိုင်မှုတွေ အခုနောက်ဆုံး ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ စတာတွေရင်ဆိုင်နေရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောနေတာက ဒီပြဿနာတွေကိုကို အမှန်တကယ်ကျော်လွှားနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တကယ်အရေးပါတယ်လို့ ပြောခဲ့တယ်လို့ ရေးပါတယ်။
အနောက်နိုင်ငံတွေ မြန်မာနိုင်ငံအတွက် ဘာပေးခဲ့သလဲ ပြေးကြည့်လိုက်ပါ။ နေတိုးအဖွဲ့ဆို အပြောပဲရှိတယ် လက်တွေ့ဘာမှမပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အထူးအတိုင်ပင်ခံလို့ ပြောနေကြတဲ့ Sean Turnell ကပြောပါတယ်။
ဒါ့အပြင် အနောက်နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးကိစ္စ အပါအ၀င်တွေကိုပဲ လက်ညိုးထိုးနေတာဟာ မြန်မာနိုင်ငံ တကယ်လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုကို ပေးဖို့ အစီအစဉ်မရှိလို့ ဖြစ်လိမ့်မယ်လို့လည်း ရေးသားထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ရင်းနှီးမြှုပ်နှံမှုပဲ မြန်မာလိုအပ်လို့ တရုတ်သတင်းစာ ရေးသား
Reviewed by THITHTOOLWIN
on
10:28
Rating: