ပင်လယ်ဒီရေလှိုင်းမြင့်တက်တိုက်စားမှုကြောင့် ဖျာပုံမြို့နယ်၌ နေအိမ် ၁၁ လုံး ပြိုကျပျက်စီး |
ဖျာပုံ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲ ဒေါ်ညိမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ပင်လယ်ဒီရေလှိုင်းမြင့်တက်တိုက်စားမှုကြောင့် လူနေအိမ် ၁၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ပင်လယ်ဒီရေလှိုင်း မြင့်တက်တိုက်စားမှုကြောင့် ဒေါ်ညိမ်းကျေးရွာအုပ်စုအတွင်းရှိ ဘုရားလေးစုကျေးရွာတွင် နေအိမ် နှစ်လုံး၊ အောင်လှိုင်ကျေးရွာတွင် နေအိမ်ခြောက်လုံး၊ သရက်ပင်ဆိပ်ကျေးရွာတွင် နှစ်လုံး၊ ခါးပြတ်ကျေးရွာတွင် တစ်လုံး စုစုပေါင်း နေအိမ် ၁၁ လုံး ပြိုကျပျက်စီးခဲ့ပြီး လူဦးရေ ၅ဝ ခန့်မှာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင် လျက်ရှိပြီး လူနှင့် တိရ္ဆာန် ဆုံးရှုံးမှုမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘရား လေးစုကျေးရွာ တာဝန်ခံ ဦးမင်းမင်းထွန်းထံမှ ကနဦးသတင်းအရ သိရသည်။
ကျော်စိုးမိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပင်လယ်ဒီရေလှိုင်းမြင့်တက်တိုက်စားမှုကြောင့် ဖျာပုံမြို့နယ်၌ နေအိမ် ၁၁ လုံး ပြိုကျပျက်စီး
Reviewed by THITHTOOLWIN
on
06:46
Rating: