ကန်တော်ကြီးတွင် ဖြတ်သန်းသွားလာရာ၌ အန္တရာယ်ရှိနိုင်သော တံတားနေရာများအား အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲသွားမည်

တံတားကျိုးကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး Facebook)
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

    မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်ကြီး၊ ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသောသစ်သားတံတားမှာဘယ်ဘက်ခြမ်းရှိတံတားယက်မကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း၊ ကန်တော်ကြီးတွင် လက်ရှိ ကြံ့ခိုင်မှုနည်းနေပြီး ဖြတ်သန်းသွားလာပါက အန္တရာယ်ရှိနိုင်သော တံတားနေရာများအား အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲ၍ အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန် ဦးမောင်မောင်စိုး ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ 

ကန်တော်ကြီး ပတ်လမ်း မူလသစ်သားတံတားအရှည်ပေမှာ (၇၀၀၀) ပေ ရှိကာ သစ်သားတံတားဖြစ်ပြီးကြံ့ခိုင်မှု လျော့နည်းလာသည့်အတွက် သံကူကွန်ကရစ်တံတားကို တည်ဆောက်ခဲ့ရာ ယခင်နှစ်က ပေ(၁၂၅၀)ပြီးစီးကာ ယခုနှစ်ဘတ်ဂျတ်တွင် ပေ (၂၀၀၀)ပြီးစီးရန် ရည်မှန်းထားပြီး ဘတ်ဂျတ်နှစ်အလိုက် ကျန်ရှိသော ပေအရှည်များကို ဆက်လက်ဆောက်လုပ်သွားရန် အစီအစဉ်များချမှတ်ထားကြောင်း သိရသည်။
တံတားကျိုးကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး Facebook)
ကန်တော်ကြီးအတွင်း ရှိ တံတားဖြတ်သန်းခွင့် နှင့်ပတ်သက်သည့် သတိပေးဆိုင်းဘုတ်တစ်ခု အားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး Facebook)
ယနေ့နံနက ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသောသစ်သားတံတား၏ ဘယ်ဘက်ခြမ်းရှိတံတားယက်မကျိုးကျမှုဖြစ်ပွားခဲ့ရာ  သုခိတာဇရပ်(၅၀'×၄၀')တွင် အားကစား လေ့ကျင်ခန်းပြု လုပ်ပြီးပြန်ထွက်လာသော အမျိုးသားတစ်ဦး နှင့် အမျိုးသမီးလေးဦး ရေထဲပြုတ်ကျခဲ့သဖြင့်  အဆိုပါ(၅)ဦးအားပန်းဥယျာဉ်ဌာနမှဝန်ထမ်းများမှ ကယ်ဆယ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
ကန်တော်ကြီးတွင် ဖြတ်သန်းသွားလာရာ၌ အန္တရာယ်ရှိနိုင်သော တံတားနေရာများအား အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲသွားမည် ကန်တော်ကြီးတွင် ဖြတ်သန်းသွားလာရာ၌ အန္တရာယ်ရှိနိုင်သော တံတားနေရာများအား အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲသွားမည် Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.