တောင်သာ ဇူလိုင်၆
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ သပြေပင်ကျေးရွာနေ မောင်စိုး(၃၇)နှစ်၊ကျပန်းလုပ်ကိုင်သူ၏ နေအိမ်တောင်ဘက် ရှိ ကိုအေးလွင်နေအိမ်မှပြန်လာစဉ်နေအိမ်သို့အရောက်၌ ဇနီးဖြစ်သူ မကြည်လေး(၄၀)နှစ်၊ ကျပန်းလုပ်ကိုင်သူမှာ နေအိမ်အတွင်း ကြမ်းပြင်ပေါ်တွင် ဦးခေါင်း ဝဲ/ယာပေါက်ပြဲသွေးထွက်၊ လည်ပင်းဝဲဘက်သွေးထွက်၊ဝဲဘက်လက်မောင်းပေါက်ပြဲသွေးထွက်၊ ဝဲလက်ပေါက်ပြဲပြတ်ရှ၊ ဝဲလက်ဖမိုးပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် ဇူလိုင် ၆ ရက်နံနက်၆နာရီ မိနစ် ၂၀အချိန်ခန့်က သေဆုံးနေကြောင်း နေအိမ်တွင်ကျန်ခဲ့သော သားဖြစ်သူမောင်မဲလုံး(၁၀)နှစ်နှင့်အတူတွေ့ရှိ ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမောင်စိုး၏ဇနီးအား ဓားဖြင့်ခုတ်သတ်သူ ကျော်နိုင်အား အရေးယူပေးရန် ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီခွဲတွင် တောင်သာမြို့မရဲစခန်းသို့တိုင်းတန်းခဲ့ရာ ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။
ကျော်မျိုးနိုင်(တောင်သာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သပြေပင်ကျေးရွာ၌ အရက်မူးယစ်သောက်စားပြီး ဓားမဖြင့် ခုတ်သတ်ခံရ
Reviewed by THITHTOOLWIN
on
21:39
Rating: