ဇွန်လ ၅ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အောင်မြေအေး ရွာမှာ ဖောက်ပြန်နေသည့် ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။
အောင်မြေအေး ရွာနေ မောင်နိုင်(၄၀)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မစိန်လှ(၄၀)နှစ်နှင့် ဝက်ထီးကန်မြို့နယ်၊ သဲကျဲကြီး ရွာနေ မင်းခန့်(ခ)ဇော်ဇော်(၃၉)နှစ်တို့နှစ်ဦးအား နေအိမ်အိပ်ခန်းအတွင်း သားမယား အဖြစ်နေထိုင် နေသည်ကို တွေ့ရှိရ၍ မောင်နိုင်မှ အရိုးအသွား(၂၉)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားနှင့် ခုတ်ခဲ့ခြင်း ဖြစ်သည်။
မစိန်လှ တွင် ဒဏ်ရာများရရှိ၍ အိမ်ခြံဝင်းပေါက်အနီးတွင် သေဆုံးသွားပြီး မင်းခန့်(ခ) ဇော်ဇော်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ မောင်နိုင် အား ရေနံ့သာနယ်မြေရဲစခန်း (ပ)၇၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ဖောက်ပြန်နေသည့် ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:44
Rating: