လူဝင်မှုကြီးကြပ်ရေးဥပဒေကို ဆန္ဒပြသည့်အနေဖြင့် အမျိုးသမီးတစ်ဦး လေဘာတီရုပ်တုအောက်ခြေသို့ တွယ်တက်


နယူးယောက် ဇူလိုင် ၅
အမေရိကန်သမ္မတ ထရန့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ကန့်ကွက်ဆန္ဒပြသည့်အနေ ဖြင့် အမျိုးသမီးတစ်ဦးသည် နယူးယောက်မြို့ရှိ လေဘာတီရုပ်တု အောက်ခြေသို့ တက်ရောက်ခဲ့ရာ လာရောက်လည်ပတ်သူများစွာ ထိုနေရာမှဖယ်ပေး ခဲ့ရသည်။

သုံးနာရီကျော်ကြာမျှ မတိုးသာမဆုတ်သာ အခြေအနေနှင့်ရှိပြီးနောက် ရဲများက ¤င်းကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ¤င်း၏ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါအမျိုးသမီးသည် လေဘာတီရုပ်တုအနီး အမေရိကန်လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ကန့်ကွက်ဆန္ဒပြနေသူ လူအုပ်အတွင်း ပါရှိ ခဲ့ပြီးနောက် လေဘာတီရုပ်တု၏ အမြင့် မီတာ ၃ဝထိ တက်ရောက်ခဲ့သည်။

 မိဘများနှင့် ခွဲ၍ ထိန်းသိမ်းခြင်းခံထားရသော ကလေးငယ်များကို ပြန်လွှတ်ပေးပြီး မိဘများနှင့် ပြန်လည်ပေါင်းစည်းခွင့်ပေးရေး အော်ဟစ်တောင်းဆိုခဲ့ကြောင်းလည်း ဒေသတွင်း မီဒီယာများက ဖော်ပြကြသည်။

လေဘာတီရုပ်တုမှာ နယူးယောက်ဆိပ်ကမ်း၏ အထိမ်းအမှတ်တစ်ခုဖြစ်ပြီး အမေရိကန် လွတ်လပ်ရေးရသည့် နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်အဖြစ် ပြင်သစ်က လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ရဲများက အဆိုပါအမျိုးသမီးကို အောက်သို့ပြန်ဆင်းရန် စည်းရုံးမှုများပြုလုပ်နေစဉ် ထိုနေရာသို့ လာရောက်လည်ပတ်သူများကို ဖယ်ရှားရန် ပြောခဲ့ရကြောင်း သိရသည်။

အင်န်အိတ်ခ်ျကေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လူဝင်မှုကြီးကြပ်ရေးဥပဒေကို ဆန္ဒပြသည့်အနေဖြင့် အမျိုးသမီးတစ်ဦး လေဘာတီရုပ်တုအောက်ခြေသို့ တွယ်တက် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ဆန္ဒပြသည့်အနေဖြင့် အမျိုးသမီးတစ်ဦး လေဘာတီရုပ်တုအောက်ခြေသို့ တွယ်တက် Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.