ဆီနီဂေါနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ဆီနီဂေါသမ္မတက ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ) |
ဒါကာ ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုင်ငံ့အကြီးအကဲအဖြစ် ၉ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၂၁ ရက်တွင် ဆီနီဂေါနိုင်ငံသို့ နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာကြောင်း သိရသည်။
သမ္မတရှီ နှင့် ဇနီး Peng Liyuan တို့ အား ဆီနီဂေါနိုင်ငံသမ္မတ Macky Sall နှင့် ဇနီး Marieme ၊ ဝန်ကြီးချုပ် Mohammed Dionne တို့ က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဆီနီဂေါသမ္မတ Sall က သမ္မတရှီကျင့်ဖိန်အား ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုခဲ့သည်။
ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားတွင် တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများကိုယ်စား သမ္မတရှီက ဆီနီဂေါနိုင်ငံအစိုးရ နှင့် ပြည်သူများအား ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားဆိုခဲ့သည်။
ဆီနီဂေါနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ဆီနီဂေါသမ္မတက ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ) |
ဆီနီဂေါနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ဆီနီဂေါသမ္မတက ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ) |
တရုတ် နှင့် ဆီနီဂေါ နိုင်ငံတို့ သည် ကောင်းမွန်သော မိတ်ဆွေရင်းများ နှင့် မိတ်ဖက်များ ဖြစ်ကြောင်း ၊ မကြာသေးခင်နှစ်များက နှစ်နိုင်ငံအကြား ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု လျင်မြန်စွာဖွံ့ ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
သမ္မတရှီသည် ၂ဝ၁၈ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသမ္မတအဖြစ် ပြန်လည်အရွေးခံရပြီးနောက် ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အတွင်း ဆီနီဂေါနိုင်ငံသည် ဒုတိယမြောက် ဝင်ရောက်လည်ပတ်သည့် နိုင်ငံဖြစ်သည်။ ယခုခရီးစဉ်အတွင်း ရှီသည် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးဖြစ်သည်။ရှီကျင့်ဖိန်သည် ရာဝမ်ဒါ နှင့် ဂျိုဟမ်နက်စဘတ်စ်မြို့ ၌ ကျင်းပမည့် ၁ဝ ကြိမ်မြောက် BRICS ထိပ်သီးအစည်းတက်ရောက်ရန် တောင်အာဖရိက နိုင်ငံ နှင့် မော်ရေးရှပ်နိုင်ငံများသို့ လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
Xinhua
http://www.xinhuamyanmar.com
သမ္မတရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ဆီနီဂေါနိုင်ငံသို့ ရောက်ရှိလာ
Reviewed by THITHTOOLWIN
on
10:44
Rating: