![]() |
ယူကရိန်း Ka-27 အမျိုးအစား ရဟတ်ယာဉ် တစင်း ပင်လယ်နက်အတွင်းရှိ အမေရိကန် ရေတပ်သင်္ဘော မှ ပျံသန်းစဉ်။ (ဇူလိုင် ၁၁၊ ၂၀၁၈) |
ဘယ်အချိန်မှာ အကူအညီတွေ ပေးသွားမယ်ဆိုတာကိုတော့ နောက်ပိုင်းမှာ ဆုံးဖြတ်မယ်လို့လည်း ပန်တဂွန်ကပြောပါတယ်။ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်စလို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာသုံးစွဲဖို့ ယူကရိန်းနိုင်ငံကို အမေရိကန်က စုစုပေါင်း ဒေါ်လာ သန်း ၁,၀၀၀ ကျော် ထောက်ပံ့ပေးထားပြီးပါပြီ။
ယူကရိန်းအစိုးရကလည်း သူ့ရဲ့ တပ်ဖွဲ့အနေနဲ့ NATO မြောက်အတ္တလန်တစ် စစ်စာချုပ်အဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ဖို့လည်း ကြိုးစားနေတာပါ။ အမေရိကန်တွေအနေနဲ့ အခုလို အကူအညီတွေ ပေးအပ်နေတာ ကြောင့် ယူကရိန်းနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်မယ့် စွမ်းရည်တိုးလာလိမ့်မယ် ဆိုပြီးတော့လည်း ပန်တဂွန်ကပြောပါတယ်။
ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့က အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ရဲ့ထပ်သီးဆွေးနွေးပွဲအပေါ် အကြီးအကျယ် ဝေဖန်မှုနေကြချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဌာနရဲ့ယူကရိန်းအပေါ် အကူအညီပေးရေး အစီအစဉ် ထွက်ပေါ်လာတာပါ။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
ယူကရိန်း ကာကွယ်ရေးအစီအစဉ် ကန် သန်းနှစ်ရာ ထပ်ကူ
Reviewed by THITHTOOLWIN
on
09:45
Rating:
![ယူကရိန်း ကာကွယ်ရေးအစီအစဉ် ကန် သန်းနှစ်ရာ ထပ်ကူ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDeQXqQ-uVRfl0kkO7_Cux9LhnmOCNlpftgGBWaB8sXr7caEJ2JMcDuDZsLDbkf7TNuYKvm0VOWhINn52NEmvjLvEorFpCvVojOQ5gBUp71hVno41xP9lNjbTPrUWm3LWsZUygDsQ86AE/s72-c/4.jpg)