ကိုးရက်မြောက်ပိတ်မိနေကြသည့် လူငယ်ဘောလုံးအသင်းဝင်များ ကယ်ဆယ်ရေးလုပ်ငန်းများကို ထပ်မံအင်အားဖြည့်တင်း


ဘန်ကောက် ဇူလိုင် ၁

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ပုံဖာရပ်ကွက် ဒွိုင်းနန်း နွန်းတောင်ခြေရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်း ကိုးရက်မြောက် ပိတ်မိ နေကြသည့် လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးအား ကယ်ဆယ်ရေး အဖွဲ့မှ ဆက်လက်ကူညီရှာဖွေလျက်ရှိရာ ယနေ့တွင် မိုးရွာသွန်းမှု မရှိဘဲ ရာသီဥတုအခြေအနေကောင်းမွန်သောကြောင့်ကယ်ဆယ်ရေး လုပ်ငန်းများကို ထပ်မံအင်အားဖြည့်တင်းကာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များအဆင်ပြေလွယ်ကူစေရန်အတွက် လိုဏ်ဂူအတွင်းမှ ရေများကို စုပ် ထုတ်ရန် ရေစုပ်အားပြင်းသည့် ရေစက်များ၊ ရေပိုက်များမှာ ယနေ့ နံနက်ပိုင်းက အသစ်ထပ်မံရောက် ရှိခဲ့ပြီး လူအင်အား၊ ရိက္ခာအင်အား များကိုလည်း အလှည့်ကျထပ်မံ ဖြည့်တင်းဆောင်ရွက်လျက်ရှိကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု များကြောင့် လူငယ်ဘောလုံး အသင်းဝင်များရှိရာနေရာသို့ရောက် ရှိတော့မည်ဟုမျှော်လင့်ရကြောင်း အထူးကယ်ဆယ်ရေးအဖွဲ့များမှ မျှော်လင့်လျက်ရှိနေကြသည်။

လိုဏ်ဂူအတွင်းရှိအဓိကပွိုင့် ငါးနေရာသို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တချို့ရောက်ရှိနေပြီးရေအတား အဆီးများ အနည်းငယ်ကျန်ရှိနေ သေးသဖြင့် လိုဏ်ဂူအပြင်မှနေ၍ ရေများတောက်လျှောက်စုပ်ထုတ် နေကြကြောင်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင်ထိုင်းနိုင်ငံတပ်မတော် မှ ရဟတ်ယာဉ်တစ်စီး ထပ်မံဖြည့် တင်းလာသည်ဟုသိရပြီး ဇွန် ၃ဝ ရက် ညပိုင်းကလည်း Australia Police အထူးကျွမ်းကျင် ရေငုပ် အဖွဲ့ဝင်ခြောက်ဦးမှ ကယ်ဆယ် ရေးပစ္စည်းကိရိယာအပြည့်အစုံ ဖြင့်ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရကာ လိုဏ်ဂူအတွင်း လျှပ်စစ် မီးများအသုံးပြုမှုကို လျှော့ချထား ပြီး မီးအားပြည့်စွာဖြင့် ရေစုပ် ထုတ်မှုဆောင်ရွက်ရန်အတွက် တဲ များအားလုံးကို LED မီးလုံးများ သာအသုံးပြုထားကာ လိုဏ်ဂူ အတွင်းမှရေများကို စုပ်ထုတ် လျက်ရှိကြောင်း ယနေ့ ညနေပိုင်း သတင်းများအရ သိရသည်။

ယနေ့ညနေပိုင်းကအမှတ်(၄၁) လေတပ်စခန်းမှ MI-17 နှစ်စီးဖြင့် လိုအပ်သည်များကို သယ်ယူလာ ပြီး ဆေးတပ်အဖွဲ့များ လုပ်ဆောင် ရမည့် စီမံချက်များကို ညွှန်ကြား ပေးလျက်ရှိကြောင်း၊ထိုင်းတော်ဝင် ရေတပ်အထူးအဖွဲ့၏ ကြီးကြပ် ခေါင်းဆောင်က ပိတ်မိနေကြသည့် ဘောလုံးအသင်းဝင်လူငယ်များအား တွေ့သည်အထိ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဟု ယနေ့ မွန်းလွဲပိုင်းက ပြောကြားလိုက်ပြီး ရေတပ်အထူး အဖွဲ့ကိုလည်း လိုဏ်ဂူအတွင်း အမှတ်(၃)မှတစ်ဆင့် ရေကြီးနေ သည့် လိုဏ်ဂူအတွင်းဘက်ပိုင်းကို မဖြစ်ဖြစ်သည့်နည်းနှင့် ဆက်လက် ဝင်ရောက်ရန် ကယ်ဆယ်ရေးအဖွဲ့ အားအမိန့်ပေးထားပြီးဖြစ်ကြောင်း ယနေ့ ညနေပိုင်းက ထိုင်းမှလာ သည့်သတင်းများအရ သိရသည်။

မယ်ဆိုင်မြို့ ပုံဖာရပ်ကွက် ဒွိုင်းနန်းနွန်းတောင်ခြေရှိ ထမ့်လုံ ခွန်နမ့်လိုဏ်ဂူထဲ၌ ပျောက်ဆုံး ရက်ဖြစ်သော ပြီးခဲ့သည့် ဇွန် ၂၃ ရက်ညပိုင်းမှစတင်၍ ယနေ့ ညနေ ပိုင်းအချိန်အထိ တာဝန်ရှိသူများမှ ဆက်လက်ရှာဖွေလျက်ရှိပြီး နိုင်ငံ တကာမှ လာရောက်ကူညီကြ သည့် မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှလည်းကယ် ဆယ်ရေးလုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

မောင်စိန်ဝင်း
The Union Daily
https://www.facebook.com/uniondaily.net/
ကိုးရက်မြောက်ပိတ်မိနေကြသည့် လူငယ်ဘောလုံးအသင်းဝင်များ ကယ်ဆယ်ရေးလုပ်ငန်းများကို ထပ်မံအင်အားဖြည့်တင်း ကိုးရက်မြောက်ပိတ်မိနေကြသည့် လူငယ်ဘောလုံးအသင်းဝင်များ  ကယ်ဆယ်ရေးလုပ်ငန်းများကို ထပ်မံအင်အားဖြည့်တင်း Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.