ရုံးထုတ်လာသော အချုပ်သားထံပေးသည့် ထမင်းဘူးအတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တရား ရုံးတွင် ဇွန်၂၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်က ရုံးထုတ်လာသူတစ်ဦး၏ ဇနီးဖြစ်သူက ပေးအပ်သည့် ထမင်းဘူး အား တာဝန်ကျရဲအရာရှိက ဖွင့်ဖောက် စစ်ဆေးရာ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် တရားရုံးတွင် ဇွန် ၂၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်က အမှုစစ်ဆေးရန် ရုံးထုတ်လာသောအချုပ်သား တင်ထွဋ် (ခ)ငထွဋ်ထံ ¤င်း၏ဇနီး မနီလာအောင် က ထမင်းဘူး လာရောက်ပေးအပ်စဉ် တာဝန်ကျ ဒုရဲအုပ် ဇော်မင်းထက်က မသင်္ကာ၍ ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ငါးပြားကို စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်းထား ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တင်ထွဋ်(ခ)ငထွဋ် (၂၇နှစ်)နှင့် ၄င်း၏ဇနီးဖြစ်သူ မနီလာအောင် (၃၄နှစ်)တို့နှစ်ဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မြို့မရဲစခန်းက အမှုဖွင့်ထား ကြောင်း သိရသည်။

ကိုကြီးစိုး(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရုံးထုတ်လာသော အချုပ်သားထံပေးသည့် ထမင်းဘူးအတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ရုံးထုတ်လာသော အချုပ်သားထံပေးသည့် ထမင်းဘူးအတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 10:52 Rating: 5
Powered by Blogger.