ထိန်းသိမ်းရေးစခန်းရောက် ဖတ်စ်လေဒီ |
ထရမ့်ဟာ လူဝင်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ မူဝါဒကို ပြီးခဲ့တဲ့ ဇွန်လ ၂ဝ ရက်၊ ဗုဒ္ဓဟူးနေ့က ပြင်ဆင်မှု တချို့ ပြုလုပ် ပေးခဲ့ပြီး မိသားစုတွေကို အတူတကွ ထားရှိရမယ် ဆိုတဲ့ သမ္မတ အမိန့် တစ်ရပ် ထုတ်ပြန် ပေးခဲ့ပါတယ်။
အဲဒီ အမိန့်ကို လက်တွေ့ အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် အစိတ်အပိုင်း အနေနဲ့ ကလေးသူငယ်တွေကို လူဝင်မှု အရာရှိတွေ ထိန်းသိမ်းထားနိုင်ခွင့် ရှိတဲ့ ရက်ကာလ အပိုင်းအခြားကို လျှော့ချပေးဖို့ ကာလီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ ဗဟိုတရားရုံးက တောင်းဆို လိုက်ပါတယ်။
လက်ရှိမှာတော့ အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေကို အများဆုံး ရက် ၂ဝ အထိ ထိန်းသိမ်းခွင့် ပေးထားပါတယ်။
တက္ကဆက်က စခန်းကို မလာနီယာသွား |
အမေရိကန် လူဝင်မှု ဥပဒေသစ်နဲ့ ပတ်သက်ပြီး အောက်လွှတ်တော်ထဲ မဲခွဲဖို့ ရှိနေပေမယ့် ဇွန်လ ၂၂ ရက် သောကြာနေ့ထိ ရက်ရွှေ့ဆိုင်း ထားပါတယ်။
ဘယ်ဥရောပ ဆိပ်ကမ်းက လက်ခံမလဲ |
မြေထဲပင်လယ်ထဲကနေ ဆက်လက် ကယ်ဆယ် နေရဆဲ |
ပင်လယ်ထဲကနေ ကယ်ဆယ်ခဲ့ရတဲ့ သူတွေ အပေါ် ဘယ်လို ပြုမူဆက်ဆံရမယ် ဆိုတဲ့ နိုင်ငံတကာ ကျင့်ဝတ် ဥပဒေတွေနဲ့ အညီ လိုက်နာပေးဖို့ မြေထဲပင်လယ်နဲ့ ထိပ်စပ် နေတဲ့ နိုင်ငံတွေကို အဲဒီ ကယ်ဆယ်ရေး အဖွဲ့က တောင်းဆိုတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံက လက်ျာစွန်းဝါဒီ ပြည်ထဲရေး ဝန်ကြီး မက်တေးအိုး ဆာဗီးနီးကတော့ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ အပြုအမူတွေဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေ သေတွင်းထဲ ဆင်းဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
တံခါးပိတ်ရေးမူ ကျင့်သုံးတဲ့ ဟန်ဂေရီ |
ဟန်ဂေရီရဲ့ ဥပဒေသစ်တွေဟာ နိုင်ငံခြားသားတွေ အပေါ် ရွံ့မုန်း မနှစ်သက်တဲ့ သဘောထားမျိုးကို အခြေခံထားတာပဲလို့ မစ္စတာ အယ်လ်ဟူစိန်က ပြောပါတယ်။
ဒါ့အပြင် ဟန်ဂေရီ ဥပဒေသစ်တွေဟာ ဥရောပ စံတန်ဖိုးတွေ၊ လူ့အခွင့်အရေး အခြေခံ စံတန်ဖိုးတွေနဲ့ ဆန့်ကျင် သွေဖီနေတယ်လို့လည်း ကုလ လူ့အခွင့်အရေး မင်းကြီးက ဆိုပါတယ်။
ဒီ ဥပဒေသစ်တွေ စတင် ပြဌာန်းလိုက်ကတည်းက ဟန်ဂေရီနိုင်ငံဟာ ဒုက္ခရောက်နေသူတွေကို ကာကွယ်ရမယ့်အစား ပစ်မှတ်ထား တိုက်ခိုက်တဲ့ နိုင်ငံအဖြစ် ကျရောက်သွားပြီ ဆိုတဲ့ ပြင်းထန်တဲ့ နိုင်ငံတကာ ဝေဖန်သံတွေ ထွက်ပေါ် လာစေပါတယ်။
ဟန်ဂေရီရဲ့ လုံခြုံရေးနဲ့ ခရစ်ယာန် စရိုက်လက္ခဏာတွေကို ကာကွယ်မယ့် ဥပဒေသစ်တွေ ပြဌာန်းရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဗစ်တာအိုဘန်း ဦးဆောင်တဲ့ ဟန်ဂေရီ အစိုးရကတော့ ပြောနေပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကလေးတွေကို ထိန်းသိမ်းနိုင်တဲ့ ရက်ကို လျှော့ပေးဖို့ တရားရုံးတောင်းဆို
Reviewed by THITHTOOLWIN
on
10:51
Rating: